Bury the Devil (2026) +++++++++++ သည်းထိတ်ရင်ဖို Horror ကားကောင်းတွေမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် အသစ်စက်စက်ထွက်ရှိထားတဲ့ ဟော်ရာရုပ်ရှင်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ကြားထဲမှာ ဖြတ်ဆက် (Cut) တာမျိုး လုံးဝမရှိဘဲ ရုပ်ရှင်အစကနေ အဆုံးအထိ တစ်ဆက်တည်း (One Continuous Shot) ရိုက်ကူးပြသသွားတာပါ။ ဇာတ်လမ်းကတော့ ဂျူလီယာဆိုတဲ့ အိမ်တွင်းသူနာပြုမလေးတစ်ယောက် ရောဂါသည်အဖွားအို အက်ဗလင်ကို ပြုစုရင်း အိမ်ထဲမှာ နှစ်ယောက်ထဲ ပိတ်မိနေတဲ့အကြောင်းပေါ့။ ညနက်လာတာနဲ့အမျှ အဖွားအိုရဲ့ ပြုမူလှုပ်ရှားမှုတွေက ပုံမှန်မဟုတ်ဘဲ ထူးဆန်းခြောက်ခြားဖို့ ကောင်းလာပါတယ်။ အဲဒီနောက်မှာတော့ အိမ်ထဲကို မဖိတ်ခေါ်ဘဲ ရောက်ရှိလာတဲ့ မိစ္ဆာဆိုးရဲ့ အန္တရာယ်ကနေ ဂျူလီယာတစ်ယောက် ဘယ်လိုအသည်းယားဖွား ရုန်းကန်လွတ်မြောက်အောင် ကြိုးစားမလဲဆိုတာကို ရင်တမမနဲ့ စောင့်ကြည့်ရမှာပါ။ အချိန်နဲ့အမျှ အသက်ရှူမှားလောက်အောင် မွန်းကျပ်စရာ ကောင်းလှတဲ့ အခြေအနေတွေ၊ တစ်ခန်းရပ် ပြကွက်တွေနဲ့တင် ပရိသတ်ကို ဖမ်းစားထားနိုင်လို့ Horror ချစ်သူတွေ လက်လွတ်မခံသင့်တဲ့ ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ချင်ပါတယ်။ File Size… (1.88GB) / (949MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 26m Genre …Horror, Thriller Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်