Little Angels (2025) ၉၀ ပြည့်လွန်နှစ်တွေရဲ့ နာမည်ကျော် Superman မင်းသားကြီး Dean Cain ကိုယ်တိုင် ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာအဖြစ် စိတ်ကူးယဉ်ပုံဖော်ထားတဲ့ Sports / Family Comedy ကားလေးဖြစ်ပါတယ် ဇာတ်လမ်းကတော့ အမေရိကန်ကောလိပ်ဘောလုံးလောကမှာ အောင်မြင်မှုတွေကြောင့် မျက်နှာပွင့်ပြီး အမြဲတမ်း ဇွတ်တရက်နိုင်လှတဲ့ ထိပ်တန်းနည်းပြကြီး "ဟော့ရှော့" အကြောင်းကနေ စတင်ထားပါတယ်။ သူဟာ သူ့ရဲ့ အရည်အချင်းအပေါ် ယုံကြည်မှုလွန်ကဲပြီး မာနကြီးလွန်းသူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာတစ်ခုကြောင့် ရာထူးကနေ ယာယီပိတ်ပင်ခြင်း ခံလိုက်ရပြီး... တရားရုံးကနေ လူမှုရေးအကျိုးပြုလုပ်ငန်း လုပ်ဆောင်ဖို့ အမိန့်ချမှတ်လိုက်ပါတော့တယ်။ ပြစ်ဒဏ်အရ သူဟာ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်ရပါတော့တယ်၊ အဲဒါကတော့ ဖရိုဖရဲဖြစ်နေတဲ့ အမျိုးသမီးဘောလုံးအသင်း (soccer team) ကို နည်းပြအဖြစ် တာဝန်ယူပေးရခြင်းပါပဲ။ အစပိုင်းမှာတော့ မာနကြီးတဲ့ နည်းပြဟာ ဒီကလေးတွေနဲ့ အလုပ်လုပ်ရတာကို စိတ်ပျက်နေခဲ့ပေမဲ့... ကလေးမလေးတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ သူ့နည်းပြလုပ်ခဲ့တဲ့ အမေရိကန်ဘောလုံးအားကစားနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ soccer ဘောလုံးကို ဘယ်လိုအောင်မြင်အောင် ကြိုးစားသွားမလဲ ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်