ဇာတ်ကားများ ရွေးရန်

Ride Along

2014ဇာတ်ကားအမှတ် 6.2/1099 မိနစ်

ဘန်က စာသင်ကျောင်းတစ်ခုမှာ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ပြီး အားလပ်ချိန်ဆို ဂိမ်းဆော့ရင်း ပေါ့ပေါ့ပါးပါးနေတတ်သူပါ။ သူနဲ့ ချစ်သူအန်ဂျလာတို့က လက်ထပ်ဖို့ အဆင်သင့်ဖြစ်နေကြပေမယ့် အန်ဂျလာရဲ့အစ်ကို ဂျိမ်းစ်က သဘောမတူဘူး။ ဂျိမ်းစ်ဟာ အမှုတစ်ခုကို နှစ်နဲ့ချီပြီး လိုက်တတ်တဲ့အထိ အလုပ်အပေါ် တာဝန်ကျေပြီး ဇွဲရှိတဲ့ ရဲတစ်ယောက်ပါ။ ညီမကို သိပ်ချစ်တဲ့သူက ယောက်ဖလောင်းဘန်ကိုတော့ ကြည့်မရဖြစ်နေတယ်။ တစ်နေ့ ဘန်က အတ္တလန်တာရဲသင်တန်းကျောင်းကို ဝင်ခွင့်ရသွားပြီး ဂျိမ်းစ်ကို ပြောပြလိုက်ပါတယ်။ အဲဒီအခါ ဂျိမ်းစ်က ဘန်ဟာ ရဲတစ်ယောက်ဖြစ်ဖို့ ထိုက်တန်ရဲ့လားဆိုတာ စမ်းသပ်ဖို့ သူကင်းလှည့်တဲ့အခါ အကူအဖြစ် လိုက်ခိုင်းလိုက်တယ်။ ဒီလိုနဲ့ သဘောထားမတိုက်ဆိုင်တဲ့ ယောက်ဖလောင်းနှစ်ယောက် ကင်းလှည့်ထွက်လာကြပြီး ဘယ်လိုအလွဲတွေ ကြုံကြမလဲဆိုတာကို ဆက်ကြည့်ရမယ့် ရဲအက်ရှင်ဟာသဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း