ဂျွန်ကာတာက အမေရိကန်ပြည်တွင်းစစ်မှာ ပါဝင်ခဲ့ဖူးတဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ပါ။ အတိတ်က ဖြစ်ရပ်ဆိုးတစ်ခုကြောင့် အခုတော့ ဘာအပူမှ မရှာဘဲ အေးအေးဆေးဆေးပဲ နေချင်တော့တယ်။ ဒါပေမယ့် သူ့ကို စစ်မှုပြန်ထမ်းခိုင်းရာကနေ သူ့ဘဝကို လုံးဝပြောင်းသွားစေမယ့် အဖြစ်အပျက်တစ်ခုနဲ့ ကြုံရပါတယ်။ တိုက်ပွဲအတွင်း အမေရိကန်တိုင်းရင်းသားတွေရဲ့ လက်က လွတ်ဖို့ ပုန်းအောင်းရင်း ဂူတစ်ခုထဲမှာ ထူးဆန်းတဲ့လူတစ်ယောက်ကို တွေ့တယ်။ အဲဒီလူ ရွတ်နေတဲ့ ဂါထာကို သူပါ လိုက်ရွတ်လိုက်တဲ့အခါ ရုတ်တရက် မေ့မျောသွားပါတော့တယ်။ ပြန်သတိရလာချိန်မှာတော့ သူ မသိတဲ့နေရာတစ်ခုကို ရောက်နေပြီ။ ပတ်ဝန်းကျင်က ထူးဆန်းတဲ့ သတ္တဝါတွေနဲ့ မျိုးနွယ်စုတွေကို တွေ့လာရတော့ ကိုယ်ရောက်နေတာ ကမ္ဘာမြေပေါ် မဟုတ်တော့ဘူးဆိုတာ သိလိုက်ရပါတယ်။ မားစ်ဂြိုဟ်ပေါ် ရောက်လာတဲ့ ကာတာဟာ အဲဒီက မျိုးနွယ်စုတွေအတွက်လည်း ထူးဆန်းတဲ့လူတစ်ယောက် ဖြစ်နေတယ်။ သူတို့ကြားက အရှုပ်အထွေးတွေထဲ ညပ်ပါသွားပြီး ပြဿနာတွေကို ထိပ်တိုက်ရင်ဆိုင်ရတော့မှာပါ။ Andrew Stanton ရိုက်ကူးပြီး Walt Disney က ထုတ်လုပ်ထားတဲ့ ဒီသရုပ်ဆောင်ရုပ်ရှင်မှာ အက်ရှင်ခန်းတွေနဲ့အတူ မားစ်ဂြိုဟ်ရဲ့ ရှုခင်းတွေနဲ့ ထူးခြားတဲ့သတ္တဝါတွေကို ပုံဖော်ထားပါတယ်။ အိမ်ကိုလည်းချစ်၊ ရွှေကိုလည်း မက်တဲ့ ကာတာတစ်ယောက် ကမ္ဘာမြေကို ဘယ်လိုပြန်မလဲ၊ ပြန်ချင်စိတ်ရော ရှိနေဦးမလား။
ဇာတ်ကားကြည့်ရန်