ဇာတ်ကားများ ရွေးရန်

Greenfingers

2000ဇာတ်ကားအမှတ် 6.4/1091 မိနစ်

ကောလင်န်ဘရစ်စ်ဟာ ထောင်ဒဏ်နှစ်ရှည် ကျခံနေရတဲ့ အကျဉ်းသားတစ်ယောက်ပါ။ နှစ်အတော်ကြာတဲ့အခါ အပြုအမူကောင်းတဲ့အတွက် လုံခြုံရေးလျှော့ပေါ့ထားတဲ့ open prison စနစ်နဲ့ အကျဉ်းထောင်တစ်ခုဆီ ပြောင်းရွှေ့ခွင့်ရလာတယ်။ အဲဒီမှာ လူအမျိုးမျိုးနဲ့ တွေ့ရပေမယ့် သူ့အတွက် အထူးခြားဆုံးသူကတော့ အခန်းဖော်အဘိုးကြီး ဖားဂတ်စ်ပါပဲ။ ဖားဂတ်စ်ကြောင့် ကောလင်န်နဲ့ အကျဉ်းသားတစ်စုဟာ ဥယျာဉ်စိုက်ပျိုးတဲ့အလုပ်ထဲ ရောက်လာကြတယ်။ အဲဒီအလုပ်က သူတို့ကို ပြောင်းလဲစေပြီး ဘဝမှာ ရည်မှန်းစရာတစ်ခုလည်း ရှိလာစေပါတယ်။ ဒါပေမယ့် အကျဉ်းသားတွေအပေါ် လူတွေ အထင်သေးကြတဲ့အတွက် သူတို့သွားချင်တဲ့လမ်းက မဖြောင့်ဖြူးပါဘူး။ ဥယျာဉ်မှူးတွေအဖြစ် ရပ်တည်လာတဲ့ ကောလင်န်တို့လူစုဟာ အဲဒီအမြင်တွေနဲ့ အနှောင့်အယှက်တွေကို ရင်ဆိုင်ကြရပါတယ်။ ၂၀၀၀ ပြည့်နှစ်က အင်္ဂလိပ်ဟာသဒရာမာဖြစ်ပြီး ဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်။ Greenfinger ဆိုတာ သစ်ပင်စိုက်ပျိုးရာမှာ လက်ဆိပ်ရှိတဲ့ ဥယျာဉ်မှူးတွေကို တင်စားခေါ်တဲ့ စကားပါ။ အကျဉ်းထောင်နောက်ခံဇာတ်လမ်းထဲမှာ လူ့သဘာဝအကြောင်း၊ အချစ်ရေးအခန်းတွေနဲ့ ဟာသအနည်းငယ်ကို တွဲဖက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း