Step Up All In မှာ အရင်ကားတွေထဲက ဇာတ်ကောင်တွေ ပြန်ဆုံကြပါတယ်။ Revolution ထဲက ရှောင်န်နဲ့ ဒုတိယကားထဲက အန်ဒီတို့က အဓိကနေရာက ပါဝင်လာပြီး မုစ်အပါအဝင် အရင်အကသမားတွေလည်း ပြန်ပါလာတယ်။ ရှောင်န်တို့အဖွဲ့ဟာ လူရွေးပွဲတွေ လိုက်ဝင်ပေမယ့် အဆင်မပြေဘဲ လက်ထဲမှာလည်း ပိုက်ဆံမကျန်တော့တဲ့ အခြေအနေကို ရောက်နေပါတယ်။ အဖွဲ့သားတွေက မိုင်ယာမီကို ပြန်ပြီး ကိုယ့်နေရာမှာပဲ ဆက်ကြိုးစားချင်ကြတယ်။ ဒီကိစ္စနဲ့ စကားများကြပြီးနောက် ရှောင်န်တစ်ယောက်တည်း ကျန်ခဲ့ပါတယ်။ နေစရာမရှိတော့တဲ့ ရှောင်န်က မုစ်ဆီ အကူအညီတောင်းရတယ်။ မုစ်ရဲ့ အဖိုးအဖွားတွေ ဖွင့်ထားတဲ့ ရွန်ဘအကသင်တန်းကျောင်းမှာ တောက်တိုမယ်ရလုပ်ရင်း နေနေချိန် လက်စ်ဗီးဂတ်စ်မှာ Vortex ဆိုတဲ့ အကပြိုင်ပွဲသစ် ပေါ်လာပါတယ်။ အနိုင်ရတဲ့အဖွဲ့က အဲဒီမှာ သုံးနှစ်စာချုပ်နဲ့ ဆက်တိုက်ဖျော်ဖြေခွင့်ရမှာပါ။ ရှောင်န်က မုစ်ကို အကူအညီတောင်းပြီး အဖွဲ့သစ်ဖွဲ့ဖို့ လူစုပါတော့တယ်။ အန်ဒီ၊ ဆန်တီယေဂိုအမွှာ၊ စက်ရုပ်အကသမား ဗလပ်နဲ့ ဂျပန်မလေး ကီဒိုတို့ ပါလာကြပြီး ပြိုင်ပွဲမှာ အနိုင်ရဖို့ ပြင်ဆင်ကြတယ်။ သူတို့ရင်ဆိုင်ရမယ့် Grim Knight အဖွဲ့က ဘယ်သူတွေလဲ၊ နောက်ထပ် ဘယ်အဖွဲ့က အံ့အားသင့်စရာ ပေါ်လာဦးမလဲ၊ ပြိုင်ပွဲတစ်လျှောက် ဘာအခက်အခဲတွေ ကြုံကြရဦးမလဲဆိုတာ ဆက်ကြည့်ရမှာပါ။
ဇာတ်ကားကြည့်ရန်