Rare Exports: A Christmas Tale
ခရစ်စမတ်မရောက်ခင် ၂၄ ရက်အလို၊ ဖင်လန်နဲ့ ရုရှားကြားက ကော်ဗာတွန်တူရီတောင်မှာ အမေရိကန်နဲ့ ဗြိတိန်က တူးဖော်ရေးအဖွဲ့တစ်ဖွဲ့ဟာ ဆာမီလူမျိုးတွေရဲ့ ရှေးဟောင်းသင်္ချိုင်းတစ်ခုကို တွေ့သွားပါတယ်။ သူတို့ကို ကောင်လေးနှစ်ယောက်ဖြစ်တဲ့ ပီရဲတာရီနဲ့ ဂျူးဆိုတို့က ချောင်းကြည့်နေကြတယ်။ ပီရဲတာရီကတော့ ဒီတောင်မှာ ဆိုးသွမ်းတဲ့ကလေးတွေကို နှိပ်စက်တတ်တဲ့ ဆန်တာကလော့အစစ်ကို ဖမ်းပြီး မြှုပ်ထားတယ်လို့ ယုံကြည်နေပါတယ်။ တောင်ပေါ်က တူးဖော်မှုတွေ ရပ်သွားချိန်မှာ ရွာနားက သမင်တွေ အများအပြားသေကုန်ပြီး ပစ္စည်းတွေနဲ့ ကလေးတွေပါ ပျောက်လာကြတယ်။ ပီရဲတာရီ့အဖေရဲ့ ထောင်ချောက်ထဲမှာလည်း လူထူးလူဆန်းတစ်ယောက် မိလာပါတယ်။ ဖမ်းမိတဲ့သူ ဘယ်သူလဲ၊ ကလေးတွေ ဘယ်ရောက်ကုန်သလဲ၊ တောင်ပေါ်က တူးဖော်မှုနဲ့ ဘာဆက်စပ်နေသလဲဆိုတာ သားအဖနှစ်ယောက် အဖြေရှာကြရတော့မှာပါ။ Jorma Tommila နဲ့ သူ့သား Onni Tommila တို့ ပါဝင်ထားတဲ့ ခရစ်စမတ်သည်းထိတ်ရင်ဖိုဇာတ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း