4K
★ 6.7
ဇာတ်ကား / 2022Ambulance
ဘဏ်ဓားပြတိုက်ပြီး ထွက်ပြေးလာတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ လူနာတင်ကားပေါ်မှာ သေနတ်မှန်ထားတဲ့ ရဲတစ်ယောက်နဲ့ အရေးပေါ်ဆေးအကူ မိန်းကလေးတစ်ယောက် ဓားစာခံအဖြစ် ပါလာပါတယ်။ ဓားစာခံတွေ ရှိနေတာကြောင့် ရဲတွေနဲ့ အက်ဖ်ဘီအိုင်က ချက်ချင်းဝင်စီးဖို့ မလွယ်ဘဲ နောက်ကနေ ကပ်လိုက်ရင်း ညှိနှိုင်းနေကြရတယ်။ ညီအစ်ကိုနှစ်ယောက်ကလည်း လူနာတင်ကားဖြစ်နေတာကို အခွင့်ကောင်းယူပြီး တစ်မြို့လုံးပတ်မောင်းရင်း လွတ်မြောက်ဖို့ အကြံမျိုးစုံ ထုတ်ကြပါတယ်။ ထရန်စဖော်မာဇာတ်ကားတွေနဲ့ လူသိများတဲ့ ဒါရိုက်တာ မိုက်ကယ်ဘေး ရိုက်ကူးထားပြီး ဂျိတ် ဂျီလင်ဟော ခေါင်းဆောင်ပါဝင်တဲ့ မှုခင်းအက်ရှင်ဒရာမာပါ။
ဇာတ်ကားကြည့်ရန်