The Sun Never Sets [2026] +++++++++++++ ဒီဇာတ်ကားလေးကတော့ ကမ္ဘာပေါ်မှာ ဘယ်တော့မှ နေမဝင်တဲ့ အလက်စကာမြို့လေးက ချစ်သူနှစ်ဦးရဲ့ အချစ်ခရီးလမ်းမှာ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေနဲ့ စမ်းသပ်မှုကို ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းတော့ ဝင်ဒီ ဆိုတဲ့ကောင်မလေးဟာ ကလေးနှစ်ယောက်အဖေ အိမ်ထောင်ကွဲအမျိုးသားတစ်ဦးဖြစ်တဲ့ ဂျက်ခ်နဲ့ တွဲနေတာ ၂ နှစ် ရှိခဲ့ပါပြီ။ သူမဟာ ဘဝအခက်အခဲတွေကြောင့် သူမကိုယ်သူမ ပျောက်ဆုံးနေပြီး သူများတွေကို အလိုလိုက် အကြိုက်ဆောင်ကာ သူမ ဘာလိုချင်လို့ လိုချင်မှန်း မသိတာ ကြာခဲ့ပါပြီ။ ဒါကြောင့် ဂျက်ခ်ဟာ သူနဲ့ သူ့ကလေးတွေအတွက် သူမရဲ့ ဘဝကို မပုံအပ်လိုက်ခင်၊ ပုံအပ်ပြီး နှစ်တွေကြာမှ သူမ ဖြစ်ချင်တာကို အသိနောက်ကျပြီး လုပ်ခွင့်မရဘဲ နာကျည်းတာမျိုး မဖြစ်စေချင်တဲ့အတွက် ဝင်ဒီကို အပြင်ထွက်၊ တခြားလူတွေနဲ့ ချိန်းတွေ့တာမျိုး၊ အသစ်အဆန်းတွေကို စမ်းသပ်ကြည့်တာမျိုး လုပ်ဖို့ တွန်းအားပေးခဲ့ပါတယ်။ ဝင်ဒီအနေနဲ့ အဲဒီလိုလုပ်ကြည့်ပြီး ဂျက်ခ်နဲ့ သူ့ကလေးတွေနဲ့အတူ သူမဘဝကို တကယ်ကုန်ဆုံးချင်တယ်ဆိုတာ သေချာရင် ပြန်လာခဲ့ဖို့ ဂျက်ခ်က မှာထားခဲ့ပါတယ်။ ဒီလိုနဲ့ ဖြစ်ချင်တော့ ဝင်ဒီတစ်ယောက် သူမဘဝကို ဂျက်ခ်ပြောသလို နေထိုင်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကာမှ သူမရဲ့ ရည်စားဟောင်း ချပ်ခ်ကို ဒီမြို့ကို သူမဆီကို ပြန်ရောက်လာခဲ့ပါတယ်။ ဒီတော့ ဝင်ဒီအနေနဲ့ ရည်းစားဟောင်းကိုပဲ စိတ်ပြန်လည်သွားမလား၊ ဂျက်ခ်ကို တကယ်ချစ်တာလားဆိုတာကို သူမအနေနဲ့ အဖြေရှာရမှာ ဖြစ်ပြီး စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size… (1.90GB) / (907MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 42m Genre …Drama , Romance Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်