Space Oddity
လူဦးရေတိုးပွားမှုနဲ့ ရာသီဥတုဖောက်ပြန်မှုတွေကြားမှာ လူသားတွေက နေထိုင်လို့ရမယ့် တခြားဂြိုဟ်တစ်ခုကို ရှာဖွေနေကြဆဲပါ။ အဲလက်စ်ကတော့ မားစ်ကို သွားဖို့ အစီအစဉ်ချထားပြီးသား ဖြစ်နေတယ်။ ဒါပေမယ့် ဒီခရီးက ပြန်လမ်းမရှိတဲ့ခရီး ဖြစ်နေတာကြောင့် မိသားစုနဲ့ ညှိနှိုင်းတဲ့အခါ အဆင်မပြေမှုတွေ ပေါ်လာပါတယ်။ အဖေက သူ့ပန်းစိုက်ခင်းကို အဲလက်စ် လက်လွှဲယူစေချင်ပေမယ့် သားကလည်း ကိုယ်လုပ်ချင်တာကို ဖြစ်အောင်လုပ်တတ်သူပါ။ ကမ္ဘာပေါ်မှာ ရှာဖွေစရာ အသစ်အဆန်းတွေ မကုန်သေးဘဲ အဲလက်စ်က ဘာကြောင့် အပြီးထွက်သွားချင်နေတာလဲ။ မိသားစုရဲ့ ဆန္ဒနဲ့ သူရွေးထားတဲ့ခရီးကြားမှာ အဲလက်စ် ဘယ်လိုဆုံးဖြတ်မလဲဆိုတာ ဆက်တွေ့ရမှာပါ။
ဇာတ်လမ်းအကြောင်း