ဇာတ်လမ်းဟာ ဇူလိုင်လ (၄) ရက်နေ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲတစ်ခုကနေ စတင်ပါတယ်။ အထက်လွှတ်တော်အမတ် ဘန်နက် ဝိုင်းလ်ဒ် (Senator Bennett Wilde - သရုပ်ဆောင် Sean Astin) ဟာ သူ့ရဲ့ မိသားစုဝင်တွေ၊ နိုင်ငံရေး မဟာမိတ်တွေနဲ့အတူ ညစာစားနေချိန်မှာပဲ၊ ရုတ်တရက် နျူကလီးယား ဗုံးကြဲတိုက်ခိုက်ခံရတော့မယ့် အရေးပေါ် သတိပေးချက် ဝင်လာပါတော့တယ်။ အမတ်ကြီးကို လာခေါ်ဖို့ ကယ်ဆယ်ရေး ရဟတ်ယာဉ်တစ်စင်း ထွက်ခွာလာပြီဖြစ်ပေမယ့်၊ ပြဿနာက အဲဒီရဟတ်ယာဉ်ပေါ်မှာ အမတ်ကြီးအပြင် နောက်ထပ် ၃ ယောက်စာ နေရာပဲ ကျန်ပါတော့တယ်။ အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ ညစာစားပွဲကို လာရောက်ကြတဲ့ ဧည့်သည်တွေဟာ အဲဒီ ၃ နေရာမှာ သူတို့ ဘာကြောင့် လိုက်ပါသင့်တယ် ဆိုတာကို သက်သေပြဖို့အတွက် အချင်းချင်း အသေအလဲ ယှဉ်ပြိုင်၊ တိုက်ခိုက်ကြရပါတော့တယ်။ အသက်လုရမယ့် အချိန်ရောက်လာတဲ့အခါ လူတွေရဲ့ စစ်မှန်တဲ့ မျက်နှာစာတွေ ဘယ်လို ပေါ်လာမလဲဆိုတာကို ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားရဲ့ အသက်ကတော့ ဇာတ်လမ်းတစ်ခုလုံးကို အချိန်တိုအတွင်းမှာ အကွက်ချ ရိုက်ကူးထားတာပါပဲ။ နျူကလီးယားဒဏ်ကို အချိန်မီ ရှောင်ရှားဖို့ ရဟတ်ယာဉ်ပေါ် နေရာရရေး ကြိုးပမ်းရတဲ့ ဇာတ်ကွက်တွေက ကြည့်ရှုသူကို အစအဆုံး ဆွဲဆောင်ထားနိုင်ပါတယ်။ အသက်အန္တရာယ် ကြုံလာချိန်မှာ လူတွေရဲ့ ရက်စက်မှုနဲ့ အတ္တတွေကို ပီပီပြင်ပြင် မြင်တွေ့ရမှာပါ။ A Social Contract" (၂၀၂၆) ဟာ ကြီးမားတဲ့ အက်ရှင်အခန်းတွေထက် လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အားပြိုင်မှု၊ အကျပ်အတည်း ကြုံလာချိန် ပြောင်းလဲသွားတဲ့ လူ့သဘာဝတွေကို အသားပေးထားတဲ့ ဇာတ်ကား (Psychological Thriller) တစ်ကား ဖြစ်ပါတယ်။ နေရာကျဉ်းကျဉ်းလေးမှာ အသက်လုရတဲ့ (Survival) ရသမျိုးကို သဘောကျတဲ့ ပရိသတ်တွေ အနေနဲ့ အချိန်ပေးကြည့်ရှုရတာ လုံးဝ နောင်တရမှာ မဟုတ်ပါဘူး။ File size… 1.1 GB/ 600 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 40m Genre ..... Drama Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်