ဇာတ်လမ်းတွဲ / 2014-2020The 100The 100 (TV Series 2014–2020)
IMDb Rating (7.5 /10) / Rotten Tomatoes (93%)
CW ကနေ ၂၀၁၄ မှာ စတင်ထုတ်လွှင့်ပြသခဲ့တဲ့ "The 100" စီးရီးကတော့ ထိုက်သင့်တဲ့အောင်မြင်မှုနဲ့ ဖန်လဲအတော်အသင့်ရှိတဲ့ Action, Adventure, Drama, Fantasy, Sci-Fi အမျိုးအစား စိတ်လှုပ်ရှားရင်ခုန်စွန့်စားရမယ့် သိပ္ပံခေတ်လွန်စီးရီးတခုဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ...
ကမ္ဘာကြီးဟာ နူကလီးယားဓာတ်ရောက်ခြည်သင့်မှုတွေကြောင့် ပျက်စီးပြီး ကမ္ဘာပေါ်မှာ ရှိတဲ့ သက်ရှိလူသားတွေအကုန်လုံး သေဆုံးကုန်ပါတယ် ... ဒါပေမယ့် လူတချို့ကတော့ "The Ark" ဆိုတဲ့ အာကာသယာဉ်အတူ အာကာသထဲကို ထွက်လာနိုင်ခဲ့ပါတယ် ... ပြီးတော့အာကာသစခန်းတွေတည်ဆောက်ပြီး ကမ္ဘာကြီးဓာတ်ရောင်ခြည်ပြယ်မယ့်နေ့ကို စောင့်ဆိုင်းနေကြပါတယ်....အဲ့ဒီအာကာသပေါ်မှာ ဘယ်ပြစ်မှုမဆို ကျူးလွန်တဲ့သူဟာ သေဒဏ်ပါပဲ...ဘာလို့လဲဆိုတော့ အာကာသစခန်းမှာ အစားအစာ အောက်ဆီဂျင်တွေကို ချွေတာပြီး ကမ္ဘာကြီးနေပြန်ကောင်းမယ့်ရက်တွေကို စောင့်ဆိုင်းနေရတာမလို့ လူဦးရေလျော့ချတဲ့နည်းလမ်းအဖြစ် ဘယ်ရာဇဝတ်သားမဆို သေဒဏ်ချပြီးတော့ စတေးခံစနစ်ကိုကျင့်သုံးကြပါတယ်။
ဖြစ်ချင်တော့ ကမ္ဘာကြီးပျက်ပြီး ၉၇နှစ်အရောက်မှာ အာကာသစခန်းကနေ လူဦးရေလျှော့ချဖို့ ဖြစ်လာပါတယ် ... အဲ့ဒါကြောင့် တာဝန်ရှိသူတွေဟာ ရာဇဝတ်သားအဖြစ် ထိန်းသိမ်းထားတဲ့ ၁၈နှစ်အောက် လူငယ်အယောက်တစ်ရာကို ကမ္ဘာမြေပေါ်ကို အင်အားသုံးပြီး စေလွှတ်ခဲ့ရာမှ ဒီ ဇာတ်လမ်းဖြစ်ပေါ်လာတာဖြစ်ပါတယ် ... အဲ့ဒီလို လွှတ်လိုက်တာကို တာဝန်ရှိသူတွေပဲ သိကြပြီး ကလေးတွေရဲ့ အုပ်ထိန်းသူတွေ တစ်ယောက်မှ မသိလိုက်ပါဘူး ... လွှတ်ပြီးမှပဲ သိလိုက်ကြတာဖြစ်ပါတယ် ...
အဲ့ဒီတော့ ဒီလူငယ် အယောက် ၁၀၀ဟာ ဓာတ်ရောင်ခြည်သင့်နေတဲ့ ကမ္ဘာမြေပေါ်ကို ပြန်ပြီး အခြေချတဲ့အချိန် ထူးခြားပြောင်းလဲနေတဲ့ ကမ္ဘာကြီးပေါ်မှာ ဘယ်လို အထူးအဆန်းကိစ္စတွေနဲ့ ကြုံကြိုက်ဖြေရှင်းကြရမလဲဆိုတာ သည်းထိတ်ရင်ဖို့စွန့်စွန်းစားစားကြည့်ရှုကြရမှာပါ။
(ရုပ်ရှင်အညွှန်းကို mmtv95 မှ ကူးယူဖော်ပြပါသည်။)
The 100 TV Series ကို 2014 ခုနှစ်မှာ စတင်ထုတ်လွှင့်ခဲ့ပြီး 2020 ခုနှစ်မှာ ဇာတ်သိမ်းခဲ့ပါတယ်။
Season ၇ ခုပါဝင်ပြီး အပိုင်းပေါင်း (၁၀၀) ကွက်တိရှိပါတယ်။
စဆုံးရပါပြီ။
File Size – (1 GB) / (500 MB) (Appx;) @Episode
Quality – BluRay 1080p HEVC / 720p
Duration – 45 min (@Episode)
Season - 7 / Episode – 100
Subtitle – Myanmar Hardsub
Format – mkv/mp4
Genre : Action, Adventure, Drama, Fantasy, Sci-Fi
Translated by Zeko, Arr Khun Winchester
Encoder – Ka Naung
ဇာတ်ကားကြည့်ရန်