Wild Things: Diamonds in the Rough (2005) Wild Things (1998) ဟာ Erotic Thriller တွေခေတ်စားတဲ့ 90s နှောင်းပိုင်းမှာထွက်ခဲ့ပြီးအောင်မြင်ခဲ့တဲ့ဇာတ်ကားတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ သူ့ရဲ့အောင်မြင်မှုအရှိန်အဝါကြောင့်ပဲနောက်ထပ် Sequel သုံးခုထပ်ထွက်လာနိုင်ခဲ့ပါတယ်။ နောက်ပိုင်းဇာတ်လမ်းတွေဟာ ပထမကားရဲ့ပုံစံအတော်များများကိုပြန်သုံးထားပြီး သရုပ်ဆောင်နဲ့အဓိကဇာတ်ကွက်တွေပဲ ကွဲပြားသွားတာဖြစ်တဲ့အတွက် သုံးကားလုံးဟာ သူ့ဟာနဲ့သူကြည့်ကောင်းကြပါတယ်။ သုံးကားမြောက်ဇာတ်ကားဖြစ်တဲ့ Wild Things: Diamonds in the Rough မှာတော့ မာရီဆိုတဲ့ သူဌေးသမီးလေးနဲ့သူ့ပထွေးဖြစ်သူဂျေးတို့ဟာ မာရီအတွက် သူ့မိခင်ချန်ထားခဲ့တဲ့ အမေနဲ့သမီး အမည်ရှိ ဒေါ်လာသန်းချီတန်စိန်နှစ်ပွင့်ကိုရဖို့ တရားရုံးမှာအမှုရင်ဆိုင်ဆဲဖြစ်နေတာကိုတွေ့ကြရမှာပါ။ အဲ့ဒီမှာမှ မာရီနဲ့လုံး၀မတည့်တဲ့ သူတို့ကျောင်းကို ဒီနှစ်မှရောက်လာတဲ့ ဆင်းရဲသားရပ်ကွက်က ကောင်မလေး အယ်လီနာက သူ့ပထွေးဂျေးကို မုဒိမ်းမှုနဲ့တရားစွဲပါတော့တယ်။ ပြောင်းလဲသွားတဲ့ အခြေအနေဟာ မာရီဘက်က အသာစီးရဖို့ဖြစ်လာခဲ့ပြီး အဲ့ဒီအခွင့်အရေးကိုဘယ်လိုအသုံးချအနိုင်ယူမလဲ? ဖြစ်စဉ်တွေဟာ အမြင်အတိုင်းရိုးရှင်းပါရဲ့လားဆိုတာ ထုံးစံအတိုင်းလှည့်ကွက်တွေအပြည့်နဲ့ရှုစားရမှာပါ၊ *အရင်ကားတွေပုံစံအတိုင်း မိန်းမလှလေးတွေ၊ဘီကနီတွေ၊ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေအများကြီးပါဝင်တဲ့အတွက် ဆယ့်ရှစ်နှစ်အောက်မကြည့်ရဇာတ်ကားပဲဖြစ်ပါတယ်။* (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.9 GB) / (1.1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Mystery, Thriller Duration….01:27:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
ဇာတ်ကားကြည့်ရန်