ဇာတ်ကားများ ရွေးရန်

The Birdcage

1996ဇာတ်ကားအမှတ် 7.0/10119 မိနစ်

Birdcage ဟာ အမျိုးသားတွေက အမျိုးသမီးဝတ်စုံဝတ်ပြီး ကပြဖျော်ဖြေတဲ့ Drag ကလပ်တစ်ခုပါ။ ကလပ်ပိုင်ရှင်နဲ့ ဒါရိုက်တာဖြစ်တဲ့ အာမန်က ထူးချွန်တဲ့တင်ဆက်သူ အဲလ်ဘတ်နဲ့ အတူနေ လိင်တူချစ်သူတွေ ဖြစ်ကြပါတယ်။ အဲလ်ဘတ်က စိတ်နုနယ်ပြီး ခံစားလွယ်သူ၊ အာမန်ကတော့ ရင်ထဲကစကားကို သိပ်ထုတ်မပြတတ်ပေမယ့် ဂရုစိုက်တတ်သူပါ။ သူတို့နှစ်ယောက်မှာ အလွန်ချစ်ရတဲ့ သားတစ်ယောက်လည်း ရှိတယ်။ အသက်နှစ်ဆယ်အရွယ် သားဖြစ်သူက လက်ထပ်ချင်တဲ့သူရှိပြီလို့ ပြောလာတဲ့အခါ နှစ်ယောက်လုံး စိတ်ထိခိုက်ကြပေမယ့် သားစိတ်ချမ်းသာဖို့ လိုက်လျောပေးဖို့ စဉ်းစားကြပါတယ်။ ပြဿနာက သတို့သမီးလောင်းဟာ လွှတ်တော်အမတ်တစ်ဦးရဲ့ သမီးဖြစ်နေတာပါ။ တစ်ဖက်မိဘတွေက ဒီအိမ်ထောင်ရေးကို လက်ခံဖို့အတွက် အဖေနှစ်ယောက်ရှိတဲ့အကြောင်းကို ဖုံးကွယ်ပြီး အဖေတစ်ယောက်၊ အမေတစ်ယောက်ရှိတဲ့ မိသားစုလို့ ထင်အောင် ဘယ်လိုလုပ်ကြမလဲ။ အာမန်နဲ့ အဲလ်ဘတ်တို့ရဲ့ အစီအစဉ်က အဆုံးအထိ ပိရိနေမလား၊ လမ်းတစ်ဝက်မှာပဲ အလိမ်ပေါ်သွားမလား။ ၁၉၉၆ ခုနှစ်ထွက် ဒီဟာသဇာတ်ကားမှာ Robin Williams နဲ့ Nathan Lane တို့ အဓိကပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း