ခါးပိုက်နှိုက်နှိမ်နင်းရေးတပ်ဖွဲ့က ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ ဟော့ထောင်းရဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်။ဟော့ထောင်းက အထက်လူကြီးတွေပေးတဲ့တာဝန်အရ မြို့ပြငြိမ်းချမ်းရေးကို နှောက်ယှက်နေတဲ့ ခါးပိုက်နှိုက်ဂိုဏ်းကြီးကိုဖြိုခွင်းဖို့အတွက် လျှို့ဝှက်အေးဂျင့်အဖြစ်တာဝန်ယူရပါတယ် ဟော့ထောင်းက ခါးပိုက်နှိုက်တစ်ယောက်လိုကျွမ်းကျင်လာအောင် အပီအပြင်လေ့ကျင့်ခဲ့ရပြီးတော့ ရာဇဝတ်ဂိုဏ်းရဲ့ ယုံကြည်မှုကိုရဖို့အတွက် သူ့ရဲ့နောက်ကြောင်းရာဇဝင်ကိုသေချာဖန်တီးပြင်ဆင်ခဲ့ရပါတယ်။ ခါးပိုက်နှိုက်အချင်းချင်းတောင် မယုံကြည်ကြတဲ့အခြေအနေမှာ ရဲတစ်ယောက်ဘယ်လိုရှင်သန်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းလာပါတယ်။သူဟာ ဂိုဏ်းထဲကိုအောင်အောင်မြင်မြင်ဝင်ရောက်နိုင်ပြီးတော့ ဂိုဏ်းရဲ့ထိပ်တန်းခေါင်းဆောင်ကြီးဖြစ်တဲ့ သခင်ကြီးပေ့ဆိုတဲ့သူနဲ့ထိတွေ့ခွင့်ရလာပြီး သခင်ကြီးပေ့နဲ့ဟော့ထောင်းရဲ့ဉာဏ်စမ်းတိုက်ပွဲစတင်ပါတော့တယ် Filesize : 1.20 GB / 687 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action , Crime Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်