မြို့တော်ဝန်ရဲ့သမီး အဲလစ်ဇဘတ်သ်ဆွမ်း ငယ်ငယ်က သင်္ဘောပေါ်ကနေ ပင်လယ်ကို ငေးကြည့်နေတုန်း ရေထဲမှာ မျောပါလာတဲ့ ကောင်လေးတစ်ယောက်ကို တွေ့ခဲ့ပါတယ်။ အဲဒီကောင်လေး ဝေလ်တန်နာဟာ ကြီးပြင်းလာတဲ့အခါ သာမန်ပန်းပဲသမားတစ်ယောက် ဖြစ်လာပေမယ့် သူ့မှာ လူမသိတဲ့ နောက်ကြောင်းတစ်ခု ရှိနေတယ်။ တစ်နေ့မှာ ကပ္ပတိန်ဘာဘိုဇာက အဲလစ်ဇဘတ်သ်ကို ပြန်ပေးဆွဲသွားပါတယ်။ ဘာဘိုဇာဟာ ရတနာသိုက်တစ်ခုနဲ့ပတ်သက်ပြီး ကပ္ပတိန်ဂျက်စပဲရိုးနဲ့ သဘောထားကွဲခဲ့သူဖြစ်သလို ဂျက်ဆီက ပုလဲနက်သင်္ဘောကိုလည်း လုယူထားသူပါ။ ဒါပေမယ့် သူနဲ့ သူ့သင်္ဘောသားတွေမှာ ရှေးဟောင်းကျိန်စာတစ်ခု သင့်နေပြီး အသက်ရှင်တယ်လို့လည်း မဆိုနိုင်၊ သေဆုံးလို့လည်း မရတဲ့ဘဝကို ရောက်နေကြတယ်။ အဲဒီကျိန်စာပြယ်ဖို့ သွေးနဲ့ ယဇ်ပူဇော်ရမှာဖြစ်ပါတယ်။ ဘာဘိုဇာတို့ ကျိန်စာကို ဖျက်ဖို့ ကြိုးစားနေချိန်မှာပဲ ဂျက်နဲ့ ပြန်ဆုံကြပြီး ပုလဲနက်သင်္ဘောနဲ့ ရတနာသိုက်ကို ပတ်သက်နေတဲ့ သူတို့ရဲ့အရေးကိစ္စတွေ ပြန်ရှုပ်ထွေးလာပါတော့တယ်။
ဇာတ်ကားကြည့်ရန်