Charlie St. Cloud (2010) Charlie St. Cloud ဇာတ်ကားဟာ Zac Efron ရဲ့ အကောင်းဆုံး Drama တွေထဲက တစ်ခုဖြစ်ပြီး၊ သံယောဇဉ်နဲ့ သေခြင်းတရားကို ကျော်လွန်တဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ရိုက်ပြထားတဲ့ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်..... ချာလီစိန့်ကလောက်ဆိုတဲ့လူငယ်လေးဟာ တောက်ပတဲ့ အနာဂတ်ရှိပြီး ရွက်လှေစီးရာမှာ ထူးချွန်တဲ့ လူငယ်လေးတစ်ဦးပါ။ ဒါပေမဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းကြောင့် ဖြစ်ပွားခဲ့တဲ့ ကားအတော်တဆမှုတစ်ခုမှာ သူ့ရဲ့ ချစ်လှစွာသောညီလေး ဆမ်ကို ဆုံးရှုံးသွားခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်မကင်းသလို ခံစားနေရတဲ့ ချာလီဟာ ညီလေးရဲ့ ဝိညာဉ်ကို မြင်နိုင်စွမ်းရှိနေပြီး "နေဝင်ချိန်တိုင်းမှာ အတူတူ ဘေ့စ်ဘော (Baseball) ကစားမယ်" ဆိုတဲ့ ကတိတစ်ခုကို ပေးထားခဲ့ပါတယ်.... ၅ နှစ်ကြာတဲ့အထိ အတိတ်မှာပဲ နစ်မွန်းနေပြီး ညီလေးရဲ့ ဝိညာဉ်နဲ့အတူသုသာန်တစ်ခုမှာ အလုပ်လုပ်ရင်း အချိန်ဖြုန်းနေတဲ့ ချလီရှေ့ကို စိတ်ဝင်စားစရာကောင်းတဲ့ မိန်းကလေး တက်စ် ရောက်လာတဲ့အခါမှာတော့... သူဟာအတိတ်က ကတိနဲ့အနာဂတ်ကအချစ်ကြားမှာ ခက်ခဲတဲ့ ရွေးချယ်မှုတစ်ခုကို ပြုလုပ်ရပါတော့တယ်..... File size…1.87GB / 701MB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 39m Genre ….. Fantasy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်