They Nest
ခွဲစိတ်ဆရာဝန် ဒေါက်တာဘန်ကေဟေးဟာ အရက်ဖြတ်ထားတဲ့ဒဏ်ကြောင့် လူနာတစ်ယောက်ကို ခွဲစိတ်ပေးရမယ့်အချိန်မှာ မလုပ်ဆောင်နိုင်တော့ဘဲ ဖြစ်သွားပါတယ်။ ဒီကိစ္စကြောင့် ဆေးရုံကနေ ယာယီအနားယူဖို့ ဖိအားပေးခံရပြီး ဇနီးနဲ့အတူ ဝယ်ထားခဲ့တဲ့ အိမ်ရှိရာ ကျွန်းကို ထွက်လာခဲ့တယ်။ လမ်းမှာ အဲဒီအိမ်ရဲ့ ပိုင်ရှင်ဟောင်းဘက်က လူတစ်ယောက်နဲ့ ဆုံမိပါတယ်။ သူက ကေဟေး အိမ်ဝယ်လိုက်တာကို မကျေနပ်သူဖြစ်ပြီး ကျွန်းပေါ်ရောက်တဲ့အထိ ကေဟေးကို ကန့်လန့်တိုက်နေတော့တာပါ။ ကျွန်းပေါ်မှာတော့ အကြောင်းရင်းမသိရတဲ့ ထူးဆန်းတဲ့သေဆုံးမှုတွေ မကြာခဏ ဖြစ်နေပါတယ်။ မြို့နဲ့ဝေးလွန်းလို့ အလောင်းခွဲစိတ်စစ်ဆေးတာမျိုးလည်း မလုပ်နိုင်ကြဘူး။ တစ်နေ့မှာ ကေဟေးနဲ့ မတည့်တဲ့ အဲဒီလူ သေသွားတဲ့အခါ ကျွန်းသားတွေက ကေဟေးသတ်တာလို့ပဲ ထင်ကြတော့တယ်။ သူ့ကို တကယ်သေစေခဲ့တာ ဘာလဲ၊ အရင်သေဆုံးမှုတွေနဲ့ရော ဆက်စပ်နေမလား။ ကေဟေးက သူ့အပေါ် စွပ်စွဲထားတာတွေကို ချေပဖို့ ဘယ်လို ဖော်ထုတ်သွားမလဲဆိုတာကို ၂၀၀၀ ခုနှစ်ထွက် သိပ္ပံစိတ်ကူးယဉ်ထိတ်လန့်ကား They Nest မှာ ဆက်ကြည့်ရမှာပါ။
ဇာတ်လမ်းအကြောင်း