Victoria Beckham (2025) Mini Series အခုလတ်တလော နိုင်ငံတကာမှာ ပွဲဖြစ်နေတာကတော့ ကမ္ဘာကျော်ဘောလုံးသမားဟောင်း David Beckham တို့ရဲ့ မိသားစုကိစ္စပါပဲ။ မိခင်ဖြစ်သူ Victoria နဲ့ သားအကြီးဖြစ်သူ Brooklyn တို့ မိန်းမ/ချွေးမကိစ္စနဲ့ အချေအတင် အကွဲကွဲအပြဲပြဲ ဖြစ်နေကြတာကို သတင်းတွေ မြင်ကြလိမ့်မယ်ထင်ပါတယ်။ အဲဒါကြောင့် မနှစ် (၂၀၂၅) တုန်းက ထွက်ရှိခဲ့တဲ့ မှတ်တမ်းစီးရီးလေးနဲ့ Victoria Beckham ဆိုတာ ဘယ်လိုလူမျိုးဆိုတာကို အကြမ်းဖျဉ်း တစ်ချက်လောက် ကြည့်ကြည့်လိုက်ကြတာပေါ့။ ဒီ မီနီစီးရီးလေးမှာတော့ အပိုင်း ၃ ပိုင်း ပါဝင်ထားပြီး အင်္ဂလန်ပေါ့စတား Spice Girl အဖွဲ့ဝင်အဖြစ်ကနေ ပြီးဆုံးပြီး နာမည်ကျော် ဘောလုံးသမားရဲ့ဇနီးမယားနေရာကနေ ဘာလုပ်လို့ ဆက်လုပ်ရမလဲမသိပဲ မီဒီယာတွေ ဖြုတ်တာကို ခံနေရတဲ့ Victoria တစ်ယောက် သူဝါသနာတဲ့ ဖက်ရှင်လိုင်းကို ဘယ်လိုမျိုးတွေ ဝင်ရောက်ခဲ့တာ ဘယ်လိုဒုက္ခရောက်လို့ ယောက်ျားအကူအညီယူပြီး ဆက်ရုန်းကန်ခဲ့ရတာ ဘယ်လိုမျိုး အောင်မြင်လာမလဲဆိုတာ မိသားစုနဲ့ အလုပ် ဘယ်လိုဟန်ချက်ညီအောင်နေမလဲဆိုတာတွေကို တစ်ပိုင်းတစ် မြင်ရမယ့် မှတ်တမ်းစီးရီးတိုလေး ဖြစ်တာကြောင့် လက်ရှိပဋိပက္ခအပေါ်မှာလည်း ကိုယ်ပိုင်အထင်အမြင်လေးတွေ ရသွားအောင် ခါတော်မှီ တင်ဆက်ပေးလိုက်ရပါတယ်ဗျာ.....။
ဇာတ်ကားကြည့်ရန်