Hunting Jessica Brok (2025) IMDb Rating (6.6) Amazon Primeက ထုတ်တဲ့ တောင်အာဖရိကအက်ရှင်ကားပါ။ အက်ရှင်ကားကိုမှ ၂နာရီခွဲမှာ ၂နာရီလောက် သတ်ဖြတ်နေတဲ့ Non Stopအက်ရှင်တွေကို သဘောကျတဲ့လူတွေ အကြိုက်တွေ့မယ့် ရုပ်ရှင်ပါပဲ။ Survivalကားလည်း ဆန်တာမို့ Survivalကားကြိုက်တဲ့လူတွေကြည့်လည်း ဖြစ်တဲ့ကားပါပဲ။ အက်ရှင်ကားအနေနဲ့ IMDB 6.6ရထားတာက မဆိုးဘူးပြောရပါမယ်။ ဇာတ်လမ်းကတော့ အထူးတပ်ဖွဲ့တစ်ခုဟာ လျှို့ဝှက်စစ်ဆင်ရေးအတွက် တာဝန်ချထားခံရပါတယ်။ ဆိုပေမဲ့ ဒီစစ်ဆင်ရေးကိုလူသိမခံသလို ဒီစစ်ဆင်ရေးအတွက် အစိုးရက တာဝန်လည်းမယူ နာမည်လည်းမခံခဲ့ပါဘူး။ လူကုန်ကူး မှောင်ခိုလုပ်တဲ့ အဖွဲ့တစ်ခုကို သွားဖမ်းရတာပါ။ ဆိုပေမဲ့ မအောင်မြင်သွားဘဲ အကုန်သေကုန်ပါတယ်။ အထူးအေးဂျင့် ဂျက်ဆီကာဘရော့ကတော့ ဂိုဏ်းခေါင်းဆောင်ရဲ့ ညီကိုသတ်ပြီး လွတ်လာပါတယ်။ နှစ်အတော်ကြာ ဂျက်ဆီကာဟာ ဘဝသစ်မှာ အခြေကျနေကာမှာ သူ့ဆီလက်စားချေဖို့ရောက်လာတဲ့ မှောင်ခိုသမားတွေကို ရင်ဆိုင်ရတာကို မရပ်မနားတမ်း ပြနေတဲ့ အက်ရှင်တွေ သွေးထွက်သံယိုတွေနဲ့ ကြည့်ရမှာပါ။ သွေးထွက်သံယိုခန်းတွေများလို့ ကလေးတွေတော့ မကြည့်သင့်ပါဘူး။ File size… (1.9 GB) / (1.2 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Thriller Duration…. 02:08:35 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်