Ladies First (2026) ++++++++++ Netflix မှာ အသစ်စက်စက် ထွက်ရှိလာတဲ့ အမေရိကန် ဟာသရုပ်ရှင်ကားသစ်လေး "Ladies First" (2026) ကို ဒါရိုက်တာ Thea Sharrock က ရိုက်ကူးထားပြီး၊ နာမည်ကြီး သရုပ်ဆောင် Sacha Baron Cohen နဲ့ မင်းသမီးချော Rosamund Pike တို့က အဓိက အပြိုင်သရုပ်ဆောင်ထားတာပါ။ Game of Thrones ထဲက သရုပ်ဆောင်ကြီး Charles Dance ကလည်း အေဂျင်စီရဲ့ ဘော့စ်ကြီးနေရာကနေ ပါဝင်ထားပါတယ်။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Damien Sachs (Sacha Baron Cohen) ဟာ ငွေနဲ့ အာဏာကို အရမ်းမက်မောပြီး အမျိုးသမီးတွေကို အထင်သေးတတ်တဲ့အမှုဆောင်အရာရှိ တစ်ယောက်ပါ။ တစ်နေ့မှာ ပြဿနာတစ်ခုဖြစ်ပြီးနောက် Damien တစ်ယောက် ဓာတ်တိုင်နဲ့ ခေါင်းကို ဆောင့်မိသွားပါတယ်။ သူပြန်သတိရလာတဲ့အချိန်မှာတော့ အရာအားလုံးက ပြောင်းပြန်ဖြစ်နေတဲ့ ကမ္ဘာတစ်ခုကို ရောက်သွားပါတော့တယ်။ အဲဒီကမ္ဘာသစ်မှာဆိုရင် အမျိုးသမီးတွေကသာ ကုမ္ပဏီကြီးတွေကို အုပ်ချုပ်ပြီး အာဏာရှိတဲ့သူတွေဖြစ်နေကြပြီး၊ ယောကျ်ားတွေကတော့ အနှိမ်ခံရပြီး အောက်ကျနောက်ကျ ဆက်ဆံခံရတဲ့ နေရာကို ရောက်နေပါတယ်။ ဒီလို ပြောင်းပြန်ဖြစ်နေတဲ့ လူ့အဖွဲ့အစည်းကြီးထဲမှာ Damien တစ်ယောက် သူ့ရဲ့ဘဝဟောင်းကို ပြန်ရဖို့အတွက် အရင်ကထက် ပိုပြီး အင်အားကြီး၊ ဩဇာညောင်းနေတဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် အမျိုးသမီး Alex Fox (Rosamund Pike) ကို အကြိတ်အနယ် ရင်ဆိုင်ကျော်ဖြတ်ရပါတော့တယ်။ ဒီရုပ်ရှင်က ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့ပြီး တော်တော်လေး နာမည်ကြီးခဲ့တဲ့ ပြင်သစ် ဟာသဇာတ်ကား "I Am Not an Easy Man" ကို အခြေခံပြီး အမေရိကန်ဗားရှင်း ပြန်လည်ရိုက်ကူးထားတာပါ။ လူ့အဖွဲ့အစည်းရဲ့ ကျား/မ အခန်းကဏ္ဍတွေကို ပြောင်းပြန်လှန်ပြီး သရော်စာဆန်ဆန် ဟာသနှောကာ ရိုက်ကူးထားတာမို့လို့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်လို့ကောင်းမယ့် ဇာတ်ကားသစ်လေးတစ်ကား ဖြစ်ပါတယ်နော်။ File Size… (1.13GB) / (658MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 30m Genre ….Comedy Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်