The Island Between Tides (2025) IMDb Rating (5.2) သာယာငြိမ်းချမ်းလှတဲ့ ပစိဖိတ်အနောက်မြောက်ပိုင်းကမ်းခြေတစ်လျှောက်မှာ မိသားစုနဲ့အတူလမ်းလျှောက်ထွက်ရင်း ၆ နှစ်သမီးလေး လီလီဟာ ခြေရာခံမရအောင်ပျောက်ဆုံးသွားခဲ့ပါတယ်။ နောက် ၂ ရက်အကြာမှာ အချိန်ကုန်သွားတာတွေကို လုံး၀ မမှတ်မိပဲ ပြန်ရောက်လာခဲ့ပေမယ့်မူလအတိုင်းတော့ မဟုတ်တော့ပါဘူး။ သူ့ကိုအဲ့ဒီနေရာဆီခေါ်ဆောင်သွားခဲ့တဲ့ ဆန်းကြယ်တဲ့ ဂီတတေးသွားဟာ သူ့ဘ၀တစ်လျှောက်လုံး ခြောက်လှန့်နေခဲ့ပြီးအသက် ၂၀ အရွယ်မှာတော့ အဲ့ဒီကျွန်းကိုပြန်သွားဖို့ထပ်ပြီးဆွဲဆောင်ခံရပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူဟာ ရက်ပိုင်းလောက်မဟုတ်ပဲ ဆယ်စုနှစ်နှစ်ခုစာလောက်ကြာမြင့်သွားခဲ့ပါတယ်။ ပြန်ရောက်လာချိန်မှာတော့ သူက မူလအသက်တိုင်းရှိနေခဲ့ပေမယ့်သူ့သားကတော့ သူနဲ့သက်တူရွယ်တူအရွယ်ဖြစ်နေခဲ့ပါပြီ။ သားဖြစ်သူ ဂျာရတ်ကိုယ်တိုင်လည်း အဲ့ဒီသံစဉ်ရဲ့ခြောက်လှန့်မှုတွေကိုခံစားနေရပြီးဘယ်သူဘယ်ဝါမှန်းမသိတဲ့ တစ္ဆေလို့ထင်ရတဲ့ လူတွေရဲ့နောက်ယောင်ခံနှောင့်ယှက်တာတွေကိုပါ ခံစားနေရကြောင်းသိရချိန်မှာတော့ သူတို့နှစ်ယောက်ဟာ ဒီကျွန်းရဲ့လျှို့ဝှက်ချက်တွေနဲ့ အဲ့ဒီကျွန်းပေါ်က ဝိဉာဉ်တွေရဲ့ပဟေဠိကိုဖော်ထုတ်ဖို့ကြိုးစားကြရပါတော့တယ်။ The.Island.Between.Tides. သို့မဟုတ် The Lost Daughter ဟာ အချိန်ကာလရဲ့ဆန်းကြယ်မှု၊ တစ္ဆေခြောက်တယ်လို့ထင်ရတိုင်းလည်းဝိဉာဉ်သရဲတွေမဟုတ်ကြောင်း၊ အချိန်ဆိုတာ ကိုယ့်ပတ်ဝန်းကျင်မှာ ပုံစံအမျိုးမျိုးနဲ့တည်ရှိနေနိုင်ကြောင်းတွေကိုအခြေခံတင်ဆက်ထားတဲ့ Horror/Mystery ကားကောင်းတစ်ကားပါ။ File size… (970 MB) / (630 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Mystery,Thriller Duration…. 01:40:22 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်