ဂျာမန်ဒဏ္ဍာရီထဲက Nix ဆိုတာ ပုံစံအမျိုးမျိုး ပြောင်းနိုင်တဲ့ ရေနေဝိညာဉ်တစ်မျိုးပါ။ စကားလုံးအနေနဲ့တော့ ဘာမှမရှိဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးလည်း ရှိပါတယ်။ ဒီနာမည်နဲ့ ဆက်စပ်နေတဲ့ ဇာတ်လမ်းကတော့ ဂျက်ခ်၊ လူးကပ်စ်နဲ့ တက်ဆာဆိုတဲ့ မောင်နှမသုံးယောက်ရှိတဲ့ ကွိုင်ရ်မိသားစုအကြောင်းပါ။ ပျော်ပျော်ရွှင်ရွှင် နေခဲ့ကြတဲ့ ဒီမိသားစုဟာ တစ်နေ့ ရေကန်ကြီးတစ်ခုနားကို ပျော်ပွဲစားထွက်ရင်း မထင်မှတ်တဲ့ ကံဆိုးမှုတစ်ခု ကြုံခဲ့ရတယ်။ အဲဒီအဖြစ်အပျက်မှာ မိသားစုဝင်တချို့ကို ဆုံးရှုံးခဲ့ရသလို ကျန်ခဲ့သူတွေကလည်း အဲဒီအရိပ်ဆိုးအောက်မှာ နှစ်ပေါင်းများစွာ ခြောက်ခြားနေရပါတယ်။ သားအကြီးဆုံး ဂျက်ခ်က မိသားစုကို ဦးဆောင်ရင်း ညီဖြစ်သူရဲ့သမီးငယ် ဇိုဝီကိုပါ စောင့်ရှောက်နေရတယ်။ တစ်နေ့မှာတော့ မိသားစုကို ဒုက္ခပေးနေတဲ့ အရိပ်ဆိုးက ဇိုဝီ့နောက်ကိုပါ လိုက်လာပါတယ်။ တူမကို ကယ်တင်ဖို့ ကြိုးစားတဲ့ ဂျက်ခ်လည်း အဲဒီအရာနဲ့ ရင်ဆိုင်ရတော့တယ်။ ဒီတစ်ကြိမ်မှာ မိသားစုကို ကယ်နိုင်ပါ့မလား၊ ဘာတွေနဲ့ ရင်ဆိုင်ရမလဲ၊ Nix ဆိုတဲ့နာမည်က ဒီဇာတ်လမ်းမှာ ဘာကိုဆိုလိုနေတာလဲဆိုတဲ့ မေးခွန်းတွေနဲ့အတူ တကယ့်မကောင်းဆိုးဝါးနဲ့ လူ့စိတ်ထဲက မကောင်းဆိုးဝါးကို နှိုင်းယှဉ်ထားတဲ့ ထိတ်လန့်ဇာတ်လမ်းပါ။
ဇာတ်ကားကြည့်ရန်