ဇာတ်ကား / 1982Poltergeistပုဏ္ဏကတိုက်ခြင်းလို့ အနီးစပ်ဆုံး ပြန်ဆိုလို့ရမဲ့ Poltergeist ရုပ်ရှင်ဟာ အထွေအထူး ပြောစရာမလိုလောက်အောင် အောင်မြင်မှုရရှိခဲ့ပြီး ဂန္တဝင် Horror ရုပ်ရှင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ သည်းထိတ်ရင်ဖိုဆန်ဆန် ပြကွက်တွေ၊ တိတ်ဆိတ်ငြိမ်သက်ပြီး စိတ်ထဲ မတင်မကျဖြစ်စေတဲ့ atmospheric tension တွေကို တုန်လှုပ်သွေးပျက်ဖွယ် ဇာတ်ဝင်ခန်းတွေနဲ့ ထည့်သွင်းပေါင်းစပ်ခဲ့တဲ့အပြင် အဲဒီခေတ်ကာလအရ ပီပြင်ပြောင်မြောက်တဲ့ visual effects တွေကိုပါ အသုံးပြု ရိုက်ကူးခဲ့တဲ့အတွက် နောင်လာမဲ့ Horror ရုပ်ရှင်တွေအတွက် စံပြုစရာ Guideline တစ်ခု ချမှတ်ပေးခဲ့တဲ့အထိ သြဇာကြီးခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။
ဒါရိုက်တာကတော့ နာမည်ကျော် ဂန္တဝင် Horror ရုပ်ရှင်ဖြစ်တဲ့ Taxas Chainsaw Massacre (1974) ရဲ့ ပဲ့ကိုင်ရှင် Tobe Hooper ဖြစ်ပြီး ထုတ်လုပ်သူကတော့ ဂန္တဝင်ဒါရိုက်တာ Stephen Spielberg ဖြစ်ပါတယ်။ Spielberg ဟာ သူ့ရဲ့ ဂန္တဝင်လက်ရာဖြစ်တဲ့ ဂြိုလ်သားရုပ်ရှင် Closed Encounter of the Third Kind (1977) ကို ရိုက်ကူးပြီးနောက်မှာ Night Skies ဆိုတဲ့ ရုပ်ရှင်တစ်ခု ရိုက်ကူးဖို့ ပြင်ဆင်ခဲ့ပါတယ်။ ပြင်ပ အာကာသကလာတဲ့ ဆိုးသွမ်းကြမ်းကြုတ်သော ဂြိုလ်သားတွေရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရမဲ့ မိသားစုတစ်စုအကြောင်းကို ဇာတ်အိမ်တည်ထားတဲ့ Sci-fi /Horror နဲ့ Family Drama အမျိုးအစား ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ Spielberg က စိတ်ပြောင်းသွားပြီး Night Skies ရုပ်ရှင်ရဲ့ concept ကို နှစ်ခုခွဲကာ မတူညီတဲ့ ရုပ်ရှင်နှစ်ခုအဖြစ် ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။
ပထမတစ်ခုက သူကိုယ်တိုင် ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ အော်စကာလေးခုရ ဂန္တဝင်ရုပ်ရှင် E.T. ဖြစ်ပြီး ဒုတိယတစ်ခုကတော့ ဒီရုပ်ရှင် Poltergeist ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ ထုတ်လုပ်သူအဖြစ်နဲ့ပဲ ပါဝင်ခဲ့တယ် ဆိုပေမဲ့ Spielberg ရဲ့ ဒီရုပ်ရှင်အပေါ် လွှမ်းမိုးမှုက ဒါရိုက်တာဖြစ်သူ Tobe Hooper ထက်တောင် ကြီးမားခဲ့တဲ့အတွက် Tobe က အမည်ခံသက်သက်ပဲဖြစ်ပြီး တကယ်တမ်း ဒါရိုက်တာက Spielberg လို့တောင် ပြောဆိုငြင်းခုံကြတာတွေ ရှိခဲ့ပါသေးတယ်။
ဇာတ်လမ်းအကျဥ်းကတော့ ကယ်လီဖိုးနီးယားပြည်နယ် Cuester Verde အိပ်ယာမှာနေထိုင်တဲ့ Freeling မိသားစုအပေါ်ကို ကျရောက်လာတဲ့ ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေ တုန်လှုပ်ခြောက်ခြားဖွယ် အဖြစ်အပျက်တွေကို ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ မိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်တဲ့ Steven Freeling က Cuester Verde အိပ်ယာစီမံကိန်းကို ဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီရဲ့ အရောင်းကိုယ်စားလှယ်တစ်ဦးဖြစ်ပါတယ်။ မိသားစုရဲ့ အငယ်ဆုံးသမီးဖြစ်သူ Carol Anne ဟာ ထပ်ခိုးပေါ်မှာရှိတဲ့ တီဗွီတစ်လုံးကနေတဆင့် တစ္ဆေဝိညာဉ်တွေနဲ့ ဆက်သွယ်မိရာကနေ ဆန်းကြယ်ဖြစ်ရပ်တွေကို တစ်မိသားစုလုံး ကြုံတွေ့လာရပါတော့တယ်။
ဒီဝိညာဥ်တွေက တစ်နေ့တခြား ပိုမိုဆိုးသွမ်းလာရာကနေ Carol Anne ကို ပြန်ပေးဆွဲသွားတဲ့အထိ သောင်းကျန်းလာပါတော့တယ်။ တစ်ချိန်တည်းမှာ Steven ကလည်း သူတို့နေထိုင်တဲ့ Cuester Verde အိမ်ယာဟာ သင်္ချိုင်းမြေကြီးကို ဖျက်သိမ်းပြီး ဆောက်လုပ်ထားတာ ဖြစ်ကြောင်း သိလိုက်ရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ၊ ပြန်ပေးဆွဲခံရတဲ့ သမီးလေးကိုရော Steven တို့ ဇနီးမောင်နှံ ကယ်တင်နိုင်ပါ့မလား ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။
Poltergeist ရုပ်ရှင်ဟာ သုံးကားရှိပြီး ပထမဆုံးဖြစ်တဲ့ ဒီရုပ်ရှင်ကိုသာ အကောင်းဆုံးအဖြစ် သတ်မှတ်ထားကြပါတယ်။ ကျန်နှစ်ကားမှာတော့ Spielberg ရော Tobe Hooper ရော ပါဝင်ပတ်သက်ထားခြင်းမရှိပါဘူး။ Horror နဲ့ Classic ရုပ်ရှင် နှစ်သက်သူများ မဖြစ်မနေ ကြည့်ရှုသင့်ပါတယ်။
File size…(1.9 GB)/(940 Mb)
Quality….Br-Rip 1080p / 720p
Format… mp4
Duration…. 01:54:00
Genre... Horror, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Wolfenheim
ဇာတ်ကားကြည့်ရန်