Prince of Darkness
Prince of Darkness (1987) IMDb Rating (6.6) / Rotten Tomatoes (59%) L.A. က ဘုရားကျောင်းဟောင်းတစ်ခုရဲ့ မြေအောက်ခန်းထဲမှာနှစ်ထောင်ပေါင်းများစွာလျှို့ဝှက်သိမ်းဆည်းထားတဲ့အစိမ်းရောင်အရည်တွေပါတဲ့ စည်ပိုင်းကြီးတစ်ခုကိုဖာသာတစ်ယောက်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါတွေဟာ ရိုးရိုးအရည်မဟုတ်ပဲ စာတန်ရဲ့ရုပ်ပိုင်းဆိုင်ရာဖြစ်တည်မှုလို့ယူဆမိတဲ့အတွက် ရူပဗေဒသိပ္ပံပညာရှင်နဲ့သူ့ရဲ့ကျောင်းသားတွေကိုလာရောက်စူးစမ်းဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့စူးစမ်းလေ့လာနေချိန်မှာပဲ အဲ့ဒီအရည်တွေက အသိစိတ်ရှိနေပြီး ကျောင်းသားတွေတစ်ယောက်ပြီး တစ်ယောက်ကို ကူးစက်ပြီးတော့မကောင်းဆိုးဝါးတွေအဖြစ်ပြောင်းလဲပစ်ပါတော့တယ်။ သိပ္ပံနည်းကျ တွက်ချက်မှုတွေအရ ဒါဟာ အာကာသထဲက Anti-God (ဘုရားသခင်နဲ့ ဆန့်ကျင်ဘက် အင်အားစု)တစ်ခုဖြစ်ပြီး ကျွန်တော်တို့ရဲ့ကမ္ဘာထဲကိုဝင်ရောက်ဖို့ကြိုးစားနေတာကို တွေ့ရှိလိုက်ရချိန်မှာတော့..။ ဒီကားဟာ ဟော်ရာဆရာကြီးတစ်ဆူဖြစ်တဲ့ John Carpenter ရဲ့ "Apocalypse Trilogy" ထဲက ဒုတိယမြောက်ကားဖြစ်ပါတယ်။ ပထမကား The Thing နဲ့ တတိယကား In the Mouth of Madness ကတော့ တင်ဆက်ထားပြီးဖြစ်ပါတယ်။ အစောပိုင်းကာလတွေမှာ ဝေဖန်ရေးဆရာတွေက ဇာတ်လမ်းကိုရှုပ်ထွေးလွန်းတယ်လို့မြင်ကြပြီး သိပ္ပံနည်းကျရှင်းပြချက်တွေဟာလည်း နားလည်ရခက်တယ်လို့ယူဆကြပါတယ်။ အခုချိန်မှာတော့ ဒီဇာတ်ကားရဲ့"Cosmic Horror"တင်ပြပုံ၊Quantum Physics တွေကို ဘာသာရေးအမှောင်ခြမ်းနဲ့ရောစပ်တင်ပြပုံတွေကိုအထူးတလည်ချီးကျူးလက်ခံလာကြပြီး "Cult Classic"တစ်ကားဖြစ်လာခဲ့ပါပြီ။ File size… (2.3 GB) / (810 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:43:30 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း