ပင်လယ်ထဲမှာ ရှစ်နှစ်ကြာ မျောနေခဲ့တဲ့ ပုလင်းတစ်လုံးထဲက စာတစ်စောင် Q ဌာနဆီ ရောက်လာပါတယ်။ အဲဒီစာက အဖမ်းခံထားရတဲ့ ကလေးတစ်ယောက် ရေးထားတာဖြစ်ပြီး သူ့ကို လာကယ်ပေးဖို့ အကူအညီတောင်းထားတာပါ။ ရေးခဲ့ချိန်ကနေ ရှစ်နှစ်ကြာသွားပြီဖြစ်တဲ့ ဒီစာရဲ့နောက်ကြောင်းကို Q ဌာနက လိုက်စုံစမ်းကြရတယ်။ တစ်ချိန်တည်းမှာပဲ နယ်ဘက်က ဘာသာရေးကိုင်းရှိုင်းတဲ့ လယ်သမားမိသားစုတစ်စုမှာလည်း ပြဿနာတစ်ခု ကြုံနေရပါတယ်။ ဒီဖြစ်ရပ်နှစ်ခု ဆက်စပ်နေသလား၊ နောက်ထပ် အမှုတွေ ရှိနေသေးသလားဆိုတာကို စုံစမ်းရင်း ပဟေဠိတွေ ပိုများလာတယ်။ ဘာသာရေးကိုင်းရှိုင်းတဲ့ ကလေးတွေကို ဘာကြောင့် ဖမ်းဆီးတာလဲ၊ သူတို့ကို ဘာတွေလုပ်ခဲ့တာလဲ၊ ဒီလိုလုပ်ရခြင်းရဲ့ နောက်ကွယ်မှာ ဘယ်လိုအတိတ်ဆိုးမျိုး ရှိနေမလဲဆိုတဲ့ မေးခွန်းတွေနဲ့အတူ ဉာဏ်များတဲ့ လူဆိုးတစ်ယောက်ကို ရင်ဆိုင်ကြရပါတယ်။ Q ဌာနရဲ့ တတိယအမှုတွဲဖြစ်တဲ့ ဒီကားမှာ ကားလ်က ခါတိုင်းထက်တောင် အခြေအနေဆိုးနေပုံရတယ်။ ဘာယုံကြည်မှုမှ မရှိတဲ့သူနဲ့ အာဆတ်တို့ကြား ယုံကြည်မှုအကြောင်း အငြင်းပွားနေကြသလို ဇာတ်လမ်းကလည်း ဘာသာရေးနဲ့ ယုံကြည်မှုတွေ အစွန်းရောက်သွားတဲ့အခါ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို မေးခွန်းထုတ်ထားပါတယ်။ Kon Tiki ရုပ်ရှင်မှာ သော်ရ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားလည်း ဒီကားမှာ ပါဝင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်