ဇာတ်ကား / 2018Siberiaဒီတစ်ခါမှာတော့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ John Wick မင်းသားကြီး Keanu Reeves ရဲ့ဇာတ်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။
Romance, Crime, Thriller အမျိုးအစားဇာတ်ကားဖြစ်ပြီးတော့ ဒါရိုက်တာ Matthew Ross က ရိုက်ကူးပုံဖော်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း
Lucas Hill ဟာ အမေရိကန်စိန်ကုန်သည်တစ်ဦးဖြစ်ပါတယ်။
တစ်ရက်မှာ အပြာရောင်စိန်တွေကို ရောင်းဖို့ရုရှားကဝယ်လက်တစ်ဦးနဲ့ချိတ်ဆက်မိသွားတဲ့အခါ အရောင်းအဝယ်ဖြစ်မြောက်ရေးအတွက်ရုရှားနိုင်ငံကိုထွက်လာခဲ့ပါတော့တယ်။
သို့ပေမယ့် ရုရှားအရောက်မှာတော့ သူ့စိန်တွေကို ထိန်းသိမ်းပေးထားတဲ့ ပါတနာဖြစ်သူ Pyotr ဟာ စိန်တွေနဲ့အတူပျောက်ဆုံးနေတာကိုသိလိုက်ရပါတယ်။
တစ်ဖက်ဝယ်လက်ဟာ မာဖီးယားဆန်ဆန်လူဆိုးဂိုဏ်းဖြစ်တာကြောင့် အရောင်းအဝယ်သာမဖြစ်ရင် သူ့အသက်ရန်ရှာခံရမယ်ဆိုတာကိုသိတဲ့ Lucas ဟာ ပျောက်သွားတဲ့ပါတနာနဲ့စိန်တွေကို အပူတပြင်းလိုက်ရှာရပါတော့တယ်။
အဲဒီလိုလိုက်ရှာရင်းနဲ့ ယမကာဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ Katya ဆိုသူနဲ့ ငြိစွန်းမိသွားတဲ့အခါမှာ အခြေအနေတွေက ပိုပြီးရှုပ်ထွေးလာပါတော့တယ်။
ဒီလိုရှုပ်ထွေးတဲ့အခြေအနေကို Lucas တစ်ယောက် ဘယ်လိုကိုင်တွယ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။
ဒီဇာတ်ကားဟာ Crime Thriller ကားသာဖြစ်တဲ့အတွက်ကြောင့်John Wick လို အက်ရှင်ဇာတ်ကြမ်းမျိုးသာကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက်တော့ စိတ်မကောင်းပါဘူး။
အက်ရှင်အခန်းတွေဖောဖောသီသီကြီးမပါဝင်တဲ့ခပ်အေးအေးဇာတ်လမ်းသာဖြစ်ပေမယ့် ရှေ့ဘာဆက်ဖြစ်မလဲဆိုတဲ့သိချင်စိတ်နဲ့ ဇာတ်လမ်းကိုအဆုံးထိဆွဲခေါ်သွားမှာပါ။
မင်းသားကြီး Keanu Reeves ရဲ့ ပရိသတ်လည်းဖြစ်တယ် Thriller ကားတွေကိုလည်းနှစ်ခြိုက်တယ်ဆိုရင်တော့ ဒီဇာတ်ကားကို သဘောတွေ့မှာအသေအချာပါပဲ။
(ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ Myo Thant Kyaw ပါ)
File Size : (800 MB)
Quality : WEBRip 720p
Running Time : 1hr 45min
Format : Mp4
Genre : Crime, Romance, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.WEBRip.XviD.AC3-FGT
Translated by Myo Thant Kyaw
Encoded by Thanhtike Zaw
ဇာတ်ကားကြည့်ရန်