Jason Bateman နဲ့ Deadpool မင်းသား Ryan Renold ရဲ့ အခွက်ပြောင်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ ပရိတ်သတ်တွေကို တသောသောညံစေမယ့် ဇာတ်ကားတကားပါ။ ဟုတ်ပါတယ် ဇာတ်ကားနာမည်အတိုင်း အပြောင်းအလဲလေးတွေအကြောင်း ရိုက်ထားတာပါ။ မိသားစု၊ အလုပ်အကိုင်၊ မိတ်ဆွေ..အဲ့လိုအရာအားလုံးနဲ့ ပြည့်စုံနေတဲ့ ဒေ့ဗ်လော့ခ်ဝုဒ်..... အဖေနဲ့ အစေးမကပ်၊ ဖြစ်သလိုနေ ဖြစ်သလိုစား၊ ကြုံရာလုပ်ဖြစ်နေတဲ့ မစ်ချ်ပလန်ကို..... သူတို့နှစ်ယောက်ရဲ့ ဘဝအစိတ်အပိုင်းတွေ၊ တောင့်တမှုတွေ၊ ဖြစ်ချင်..လုပ်ချင်ပေမယ့် အခါမသင့်လို့ မလုပ်နိုင်ရတာတွေ... အဲ့လို လူ့လောကသဘာဝတွေကို"တစ်ချိန်က အခက်အခဲတွေဆိုတာ နောင်တစ်ခါကျ ဟာသတွေ ဖြစ်သွားတာပဲ..." ဆိုသလိုမျိုး ဟာသလေးတွေ အနည်းငယ်နှောပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ မိသားစု ကိစ္စတွေ၊ အလုပ်ကိစ္စတွေနဲ့ ငြီးငွေ့နေပြီး အားလုံးလိုလိုကို မေ့တတ်နေပြီဖြစ်တဲ့ ဒေ့ဗ်တစ်ယောက် အချစ်ဆုံးသူငယ်ချင်း မစ်ချ်နဲ့ တစ်ညတာ လျှောက်လည်၊ စားသောက်၊ ကိုယ့်ကိစ္စ သူ့ကိစ္စတွေကို ရင်တွေဖွင့်အပြီးမှာတော့.....ကပေါက်ကပေါက်ချာ စောင်တလွဲဖြစ်ကုန်တာတွေကိုတော့ ကိုယ့်လူတို့ ကိုယ်တိုင်သာ ဟားကြပါတော့ဗျို့... သတိ: : ဤဇာတ်ကားတွင် စကားလုံးအသုံးအနှုန်းများ အနည်းငယ် ကြမ်းသလိုရှိပါမည်..(သို့သော် ဟာသသာ... :P) File Size : (950 MB) and (360 MB) Quality : Blu-Ray 720p Running Time : 1hr 52min Format : Mp4 Genre : Comedy, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Wai Yan Maung Source : 1080p BluRay x264-SPARKS Encode by Thanhtike Zaw
ဇာတ်ကားကြည့်ရန်