ဇာတ်လမ်းတွဲ / 2022The Undeclared WarThe Undeclared War (2022)
Season 02 (Complete)
IMDb Rating (7.0) / Rotten Tomatoes (68%)
Peacock TVက ထုတ်လွှင့်ထားတဲ့ British thrillerစီးရီးကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Miniseriesဖြစ်ပြီး Epiက ၆ပိုင်းပဲ ပါဝင်ကာ IMDb 6.6နဲ့ RT 70% ရရှိထားပါတယ်။
၂၀၂၄ခုနှစ် ဗြိတိန်အထွေထွေရွေးကောက်ပွဲကာလကို ဇာတ်အိမ်တည်ထားပြီးအင်အားကြီးနိုင်ငံတွေကြားက cold war ပုံစံလို့ ပြောနိုင်တဲ့ Cyber warအကြောင်းကို thrillerဆန်ဆန် ကြည့်ရှု ခံစားရမှာပါ။ Cyber လောကနဲ့ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်ပုံ၊ Malwareတိုက်ခိုက်မှုအမျိုးမျိုးနဲ့ ဟက်ခ်ကာတွေရဲ့အားပြိုင်မှု၊ နိုင်ငံခေါင်းဆောင်တွေရဲ့ အားပြိုင်မှုနဲ့အတူ ဇာတ်အစအဆုံးကို လိုတိုရှင်း ခပ်သွက်သွက် ကြည့်ရမှာပါ။ ITပိုင်းနဲ့ hackingပိုင်းတွေကို စိတ်ဝင်စားသူတွေ အကြိုက်တွေ့မှာ သေချာပါတယ်။
ဆာရာပါဗင်က ယူကေက အစိုးရဆက်သွယ်ရေးဌာနချုပ်(GCHQ)ကို ထူးချွန်အဆင့်နဲ့ရောက်လာတဲ့ အလုပ်သင်ကျောင်းသူတစ်ဦးပါ။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို အလုပ်ဆင်းတဲ့နေ့မှာပဲယူကေရဲ့ဆက်သွယ်ရေးစနစ်တစ်ခုလုံးနီးပါးကို ပြတ်ကျသွားစေတဲ့ Malwareတိုက်ခိုက်မှုကြီး ဖြစ်ခဲ့ပါတယ်။ အာဏာပိုင်တွေနဲ့GCHQအရာရှိတွေက ရုရှားအစိုးရရဲ့တရားမဝင်အဖွဲ့အစည်းက တိုက်ခိုက်ခဲ့တာလို့ တရားသေယူဆပြီးတန်ပြန် Cyberတိုက်ခိုက်မှုတွေလုပ်ဖို့ ပြင်ဆင်ကြပါတော့တယ်။ ဒါပေမဲ့ အဆိုပါMalwareဟာ သာမန်လို တစ်ဆင့်ပဲ တိုက်ခိုက်တာမျိုးမဟုတ်ဘဲလျှို့ဝှက်ကုတ်တွေနဲ့၂ဆင့် ၃ဆင့်ထိ တိုက်ခိုက်မယ့်malwareဖြစ်နေတာပါ။ ဒီလျှို့ဝှက်ချက်ကို သိခဲ့သူက အလုပ်သင်လေး ဆာရာပါဗင် ဖြစ်နေခဲ့တာပါ။
ပထမအဆင့်တိုက်ခိုက်မှုမှာပဲ အတော်လေးအထိနာသွားတဲ့ ယူကေ အနေနဲ့ Cyber Warကိုဆင်နွှဲပြီးသူတပြန်ကိုယ်တပြန် တိုက်ခိုက်ဖို့ ဆုံးဖြတ်ပြီး cyber attack နည်းပေါင်းစုံကို စတင်သုံးလာခဲ့သလိုဆာရာတို့ရဲ့ GCHQဘက်ကလည်း တစ်ဖက်က တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ကြိုးစားရပါတော့တယ်။ ယူကေကို တိုက်ခိုက်ခဲ့တဲ့သူက တကယ်ပဲရုရှားတွေဖြစ်နေမလား၊ ဘယ်လျှို့ဝှက်အဖွဲ့အစည်းတွေရဲ့ လက်ချက်ဖြစ်နေမလဲ။ ဆာရာတို့ကရော တရားခံအစစ်ကို ရှာတွေ့သွားမလားဆိုတာ သည်းထိပ်ရင်ဖို စောင့်ကြည့်ရမှာပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။
Genre..... War & Politics, Drama, Sci-fi & Fantasy
Quality…. 1080p | 720p | 480p
File size… 700MB, 350MB
Format… mp4
Duration…. 50min
Subtitle…. Myanmar Subtitle (Hardsub)
Translator ..... JimX
Encoder ..... August
ဇာတ်ကားကြည့်ရန်