ဒီတစ်ခါမှာတော့ သာမန် fantasy drama တစ်ခုထက်ပိုပြီး ကြည့်လိုက်တဲ့အခါမှာတော့ လူ့ဘဝရဲ့ အမှားတွေ၊ နာကျင်မှုတွေ၊ ပြန်လည်ကောင်းမွန်လာနိုင်ခြင်းဆိုတဲ့ theme ကို နတ်ဘုရားနဲ့ ဝိညာဉ်လောကတို့နဲ့ ပေါင်းစပ်ပြီး စိတ်ဝင်စားဖွယ်ကောင်းအောင် တင်ဆက်ထားတဲ့ series တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်လမ်းလေးထဲမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဟန်ကျယ်က မူးယစ်ဆေးဝါးကြောင့် ဘဝပျက်ခဲ့သူတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့ အမှားတွေကို ပြန်လည်ပြုပြင်ဖို့အတွက် နတ်ဘုရား San Tai Zi ရဲ့ နတ်ဝင်သည်အဖြစ် ရွေးချယ်ခံရတာကနေ စတင်ပြီး လူ့လောကထဲက မမြင်ရတဲ့ ဝိညာဉ်ဆိုင်ရာပြဿနာတွေကို ဖြေရှင်းရတဲ့လမ်းကြောင်းထဲ ဝင်ရောက်သွားရပါတယ် ဒီလို ကူးပြောင်းခြင်းမှာ “လူတစ်ယောက်ဟာ အမှားတွေကြားကနေ ပြန်လည်တည်ဆောက်နိုင်ရဲ့လား” ဆိုတာ ထူးခြားတာက ဒီ series ဟာထိုင်ဝမ်ရိုးရာယုံကြည်မှုဖြစ်တဲ့ နတ်ဝင်ခြင်း၊ ဝိညာဉ်နှင့် ဆက်သွယ်ခြင်းစတဲ့ သဘောတွေကို ခေတ်သစ်ပုံစံ ရာဇဝတ်မှုတွေနဲ့ပါ ရောနှောတင်ဆက်ထားတာကြောင့် မမြင်ဖူးသေးတဲ့ storytelling experience တစ်ခုကို ပေးစွမ်းနိုင်မှာပါ ပြီးတော့ ဟန်ကျယ်တစ်ယောက်တည်းမဟုတ်ဘဲ ဝိညာဉ်တွေကို မြင်နိုင်တဲ့ ရဲအရာရှိ၊ သွေးကင်ဆာနဲ့ ရုန်းကန်နေတဲ့ ကျောင်းသား၊ လူ့လောကနဲ့ မကောင်းဆိုးဝါးလောကကြား balance ကို ဖျက်ဆီးချင်တဲ့ အာဏာလိုချင်သူ ဗီလန်ဇာတ်ကောင် စတဲ့ characters များစွာပါဝင်ပါတယ် ထုတ်လုပ်ရေးဘက်မှာလည်း ထိုင်ဝမ်ဒရာမာတွေထဲမှာ ဘတ်ဂျက်အမြင့်ဆုံးတစ်ခုဖြစ်တာကြောင့် visual effects, cinematography, overall atmosphere တွေက cinematic level တစ်ခုလိုခံစားရပြီး supernatural scenes တွေကိုလည်း believable ဖြစ်အောင် ဖန်တီးထားတဲ့စီးရီးကောင်းတစ်ခုဖြစ်ပါတယ် ဒီစီးရီးလေးဟာ action နဲ့ fantasy ရသပေးနိုင်တာအပြင် လူ့ဘဝရဲ့ အမှား၊ ပြစ်မှု၊ နောင်တနဲ့ ပြန်လည်မွေးဖွားခြင်းဆိုတဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ မက်ဆေ့ချ်ကိုပါ ပေးနိုင်တဲ့ စီးရီးတစ်ခုဖြစ်လို့ dark fantasy နဲ့ supernatural drama ကြိုက်သူတွေအတွက် ကြည့်သင့်တဲ့ စာရင်းထဲက အရေးပါတဲ့ ကားကောင်းတစ်ခုလို့ ပြောနိုင်ပါတယ် Total Episodes : 8 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်