Detective Series တွေကြိုက်နှစ်သက်တဲ့ပရိသတ်တို့အတွက် The First Shot ထဲက မင်းသား Johnny Huang ပါဝင်သရုပ်ဆောင်ထားတဲ့ စုံထောက်အမှုလိုက်စီးရီးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီစီးရီးမှာ မင်းသား Johnny Huang နဲ့အတူ The White Olive Tree ထဲက မင်းသမီးလေး Liang Jie၊ ဝါရင့်သရုပ်ဆောင်ကြီး Eric Wang တို့က တွဲဖက်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်အိမ်က တရားမျှတမှုနဲ့အာဏာကြားက အရှုပ်အထွေးတွေကိုအခြေတည်ထားတဲ့စုံထောက်အမှုလိုက်စီးရီးကောင်းတစ်ခုမို့ ပရိသတ်တို့လည်းအကြိုက်တွေ့မှာပါ။ ဇာတ်လမ်းအညွှန်း >>> လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာတဲ့ ဟန်ကျိုးမှာ ရဲအရာရှိချင်းဖုန်းတို့ညီအစ်ကိုနှစ်ဦးဟာ အမှန်တရားရဲ့ဘက်တော်သားတွေအဖြစ် ရပ်တည်နေထိုင်ကြပါတယ်။ ဒါပေမဲ့ လောကကြီးက ထင်သလောက်မရိုးရှင်းဘဲ ဖြောင့်မတ်လွန်းရင် အန္တရာယ်ကိုဖိတ်ခေါ်သလိုပဲမို့ သူတို့ညီအစ်ကိုလည်းအကျပ်အတည်းတွေနဲ့ တဖြည်းဖြည်းရင်ဆိုင်လာကြရပါတယ်။ ဒီလိုအကျပ်အတည်းတွေ၊ မိသားစု၊ အာဏာနဲ့ တရားမျှတမှုတို့ကြားက ရှုပ်ထွေးလှတဲ့ဆက်ဆံရေးတွေနဲ့ ရင်ဆိုင်နေရတုန်းမှာပဲ သူတို့ရဲ့အသက်နဲ့ဘဝကို အန္တရာယ်ပြုလာမဲ့ဒုစရိုက်ကောင်တွေနဲ့ပါ ရင်ဆိုင်လာရချိန်မှာတော့... ဓမ္မက အဓမ္မကို အနိုင်ယူနိုင်မလား? ဖြောင့်မတ်လွန်းတာက တကယ်ပဲအန္တရာယ်ကိုဖိတ်ခေါ်စေခဲ့တာလား? အမှုတွေရဲ့နောက်ကွယ်ကလက်သည်ကရော တကယ်ပဲဘယ်သူလဲ...ဒီလိုစိတ်လှုပ်ရှားစရာအစုံစုံကို ရင်တမမနဲ့ကြည့်ရှုရမှာမို့ ဒီစီးရီးကိုလည်း အားပေးလိုက်ကြပါဦး ပရိသတ်ရေ...! Quality : WEB-DL 1080p, 720p Total Episodes : 40 Format : mp4 Genres : Crime, Mystery, Thriller Runtime : 45 min
ဇာတ်ကားကြည့်ရန်