ဇာတ်ကားများ ရွေးရန်

Dying to Survive

2018ဇာတ်ကားအမှတ် 8.1/10117 မိနစ်

၂၀၁၈ခုနှစ်ကရုံတင်ခဲ့ပြီး IMDb 7.8 နဲ့ Rotten Tomatoes 86% ရခဲ့တဲ့ ဇာတ်ကားကောင်းလေးကိုပြန်တင်ပေးလိုက်ပါတယ်။ ၂၀၀၄ခုနှစ်လောက်မှာ တရုတ်ပြည်မှာတကယ်ကိုလှုပ်ခတ်သွားခဲ့တဲ့ လုယုံဆိုတဲ့သူရဲ့ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ထားတာပါ။ လူ့လောကမှာအဆိုးဆုံးရောဂါကဘာလဲဆိုတော့ ဆင်းရဲတဲ့ရောဂါတဲ့..... ငွေမရှိလို့သေလူတွေဖြစ်ရတော့မယ့် သွေးကင်ဆာရောဂါသည်တွေကြားမှာ ချန်ယုံကမထင်မှတ်ပဲ ကယ်တင်ရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူသွင်းပေးတဲ့ဆေးတွေက ဥပဒေအရတရားတော့မဝင်ပါဘူး ဒါပေမယ့် လူနာတွေအတွက်ကတော့ အသက်ဆက်ဖို့မျှော်လင့်ချက်အလင်းရောင်လေးပါပဲ တရုတ်ပြည်တွင်းမှာ အနောက်တိုင်းဆေးကုမ္ပဏီတွေကသွင်းတဲ့ တရားဝင်ဆေးတွေကစျေးကြီးလွန်းလို့ သွေးကင်ဆာလူနာတွေက အိမ်ခြံမြေတွေရောင်းပြီးဆေးဖိုးပေးရတဲ့အထိ ဘဝပျက်ခဲ့ကြရပါတယ်။ ချန်ယုံဟာ အိန္ဒိယကနေစျေးအဆမတန်သက်သာတဲ့ဆေးတွေကို မှောင်ခိုသွင်းပြီး အသက်သာဆုံးစျေးနဲ့ပြန်ရောင်းပေးခဲ့ပါတယ်။ ချန်ယုံကလူနာတွေအတွက် ကယ်တင်ရှင်တစ်ယောက်ဖြစ်လာပေမယ့် အရင်းရှင်ဆေးကုမ္ပဏီကြီးအတွက် ဆူးတစ်ခုဖြစ်လာပြီး ဥပဒေအရ တရားဥပဒေချိုးဖောက်သူတစ်ယောက်ဖြစ်လာတဲ့အခါ ရဲတွေရဲ့အပြင်းအထန်စုံစမ်းဖမ်းဆီးတာကိုခံရပါတော့တယ်။ ချန်ယုံတစ်ယောက် အန္တရာယ်တွေကြားကနေလူနာတွေအတွက် ဆက်ရပ်တည်ပေးသွားမလား ကိုယ်လွတ်ရုန်းဖို့အတွက်ပဲ ရွေးချယ်ရမလားဆိုတာ ရင်နင့်စရာရွေးချယ်မှုတွေနဲ့ရင်ဆိုင်လာရပါတော့တယ် Filesize : 1.93 GB / 1.06 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama and Comedy Runtime : 1h 57 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း