Billie Eilish: Hit Me Hard and Soft (2026) Billie Eilish ရဲ့ တတိယမြောက် အယ်လ်ဘမ်ဖြစ်တဲ့ Hit Me Hard and Soft Tour ဖျော်ဖြေပွဲကြီးထဲက မန်ချက်စတာမြို့ရဲ့ အမိုက်စား ညဖျော်ဖြေပွဲတွေကို အခြေခံပြီး...3D နည်းပညာရဲ့ ဆရာတစ်ဆူ ကမ္ဘာကျော် ဒါရိုက်တာ James Cameron ကိုယ်တိုင် ပါဝင်ရိုက်ကူးထားတဲ့ ဂီတမှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ် သာမန်ဖျော်ဖြေပွဲ မှတ်တမ်းကားမျိုး မဟုတ်ဘဲ... ပရိသတ်တွေကို ရုပ်ရှင်ရုံထဲမှာ 3D မျက်မှန်တပ်ပြီး ဖျော်ဖြေပွဲ စင်မြင့်ကြီးရဲ့ အလယ်ခေါင်မှာ ဘီလီအိုင်လစ်ရှ်နဲ့အတူ မတ်တတ်ရပ်ကြည့်နေရသလိုမျိုး ခံစားချက် (Immersive 3D Experience) ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့မှာ ပြုလုပ်ခဲ့တဲ့ ပရိသတ်သောင်းချီ အားပေးခဲ့ကြတဲ့ ပွဲအကြောင်းကို အခြေခံထားပါတယ်။ ဘီလီအိုင်လစ်ရှ်ဟာ သူမရဲ့ နာမည်ကြီး သီချင်းအသစ်တွေဖြစ်တဲ့ LUNCH , CHIHIRO , BIRDS OF A FEATHER အစရှိတဲ့ သီချင်းတွေကို ဖျော်ဖြေတင်ဆက်သွားပုံကို ပြသထားပြီး ပိုပြီးထူးခြားတာကတော့ ဂျိမ်းစ်ကင်မရွန်ရဲ့ အဆင့်မြင့် 3D ကင်မရာ စနစ်တွေကြောင့်... စင်ပေါ်က မီးဆိုင်းအလှည့်အပြောင်းတွေ၊ ရေလှိုင်းသင်္ကေတ Visual တွေနဲ့ ဘီလီရဲ့ လှုပ်ရှားမှုတိုင်းဟာ 3D ရုပ်ရှင်တစ်ခုလို ပီပြင်လွန်းနေခြင်းပါပဲ။ သီချင်းတွေအပြင် စင်နောက်ကွယ်က သူမရဲ့ အကိုဖြစ်သူ ဖီးနီးယပ်စ် (Finneas O'Connell) ၊ ဒရမ်သမား Andrew Marshall တို့နဲ့အတူ ဂီတဖန်တီးပုံ အခိုက်အတန့်တွေကိုပါ ခံစားရမှာ ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်