Daadi Ki Shaadi (2026) အဘွားမင်္ဂလာဆောင် မကြာသေးခင်ကမှ ရုံတင်ပြသခဲ့ပြီး ဝါရင့်မင်းသမီးကြီး နီတူကပူးရ်နဲ့ ဝါရင့် ဟာသသရုပ်ဆောင်ကာပီးလ်ရှာရ်မာတို့ အဓိကပါဝင်ထားတဲ့ ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားဟာ မင်းသားရန်ဘီးရ်ကပူးရ်ရဲ့ အစ်မဖြစ်သူ ရီဒီမာကပူးရ်ဆာနီရဲ့ ပထမဆုံးပွဲဦးထွက်ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ရှင်းမလာမြို့လေးမှာ တစ်ယောက်တည်း အထီးကျန်စွာ နေထိုင်နေတဲ့ အသက် ၇၂ နှစ်အရွယ် အဘွားဖြစ်သူ ဗင်းမလားဟာ ဆွေမျိုးတစ်ယောက်ရဲ့ မင်္ဂလာဆောင်အကြောင်းကို ဆိုရှယ်ပေါ်မှာ ပို့စ်တင်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီပို့စ်ဟာ စာလုံးပေါင်းမှားပြီး သူကိုယ်တိုင် မင်္ဂလာဆောင်တော့မလို အဓိပ္ပာယ်သက်ရောက်သွားတဲ့အခါ ဒေလီမှာရှိတဲ့ သူ့ရဲ့ သားသမီး၊ မြေးတွေဟာ အလန့်တကြားဖြစ်ကုန်ကြပါတယ်။ အဘွားဖြစ်သူ တကယ်ပဲ နောက်အိမ်ထောင်ပြုတော့မှာကိုစိတ်ပူပြီး တနေရာစီရောက်နေတဲ့ မိသားစုဝင်တွေဟာ ရှင်းမလားကို အလောတကြီး ရောက်လာကြပြီး အဲဒီမှာ မြေးမလေးရဲ့ လက်ထပ်ပွဲပြင်ဆင်မှုတွေ၊ အဘွားဖြစ်သူရဲ့ တကယ်ပဲ နှလုံးသားနောက်ကို လိုက်မယ့် ဆုံးဖြတ်ချက်တွေကြားထဲမှာ မိသားစုတွင်းပြဿနာတွေ၊ ဟာသတွေနဲ့ အရှုပ်အထုပ်တွေ တပြုံကြီး ဖြစ်လာပါတော့တယ်။ File size… 2 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration…. 2h 30m Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်