Runway 34
နာမည်ကြီးလေယာဉ်မှူး ကပ္ပတိန်ဗစ်ကရန့်ခန်နား ပျံသန်းတဲ့ ခရီးစဉ်တစ်ခုမှာ ရာသီဥတု အလွန်ဆိုးရွားပြီး မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ မသင်္ကာစရာတွေ ပါနေတဲ့အတွက် လေကြောင်းမတော်တဆမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် နာရာယန်းဗီဒန့်ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးမေးမြန်းလာတယ်။ ဗစ်ကရန့်က မတော်တဆမှုတစ်ခုမှာ ဘာဖြစ်ခဲ့သလဲ၊ ဘယ်လိုဖြစ်ခဲ့သလဲဆိုတဲ့ နှစ်ခုကြားမှာ အမှန်တရား ဖုံးကွယ်နေတယ်လို့ ဆိုပါတယ်။ နာရာယန်းကတော့ အမှားလုပ်ခဲ့ရင် ဝန်ခံဖို့၊ သင်ယူဖို့နဲ့ ထပ်မမှားအောင် ဆင်ခြင်ဖို့လိုတယ်ဆိုတဲ့သူပါ။ ဝေဟင်မှာ ကြုံခဲ့ရတဲ့ အန္တရာယ်နဲ့ အဲဒီနောက်ပိုင်း စုံစမ်းမေးမြန်းမှုတွေကို တွဲဖက်တင်ဆက်ထားပါတယ်။ အိန္ဒိယမှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို အခြေခံရိုက်ကူးထားပြီး ဗစ်ကရန့်ခန်နားအဖြစ် အဂျေး၊ နာရာယန်းဗီဒန့်အဖြစ် အမီတာဘဂျမ်းတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း