Evan ဟာ ငယ်ငယ်ကတည်းက စိတ်ထိခိုက်စရာတစ်ခုခု ကြုံရတိုင်း အဲဒီအချိန်အတွင်း ဖြစ်ခဲ့တာတွေကို မမှတ်မိတော့ဘဲ အဖြစ်အပျက်ပြီးမှ သတိပြန်ဝင်လာတတ်ပါတယ်။ ဆရာဝန်တွေနဲ့ သူ့အမေက စိတ်ရောဂါတစ်မျိုးလို့ ထင်ကြပြီး မှတ်ဉာဏ်ကို အထောက်အကူဖြစ်စေဖို့ နေ့စဉ်မှတ်တမ်း ရေးခိုင်းထားကြတယ်။ အရွယ်ရောက်လာချိန်မှာတော့ ငယ်ငယ်က ရေးထားတဲ့ မှတ်တမ်းတွေကို ပြန်ဖတ်ရင် သတိလစ်နေခဲ့တဲ့ အတိတ်ကအချိန်တွေဆီ ပြန်ရောက်သွားနိုင်တာကို Evan သိလာပါတယ်။ အဲဒီအစွမ်းကို သုံးပြီး သူနဲ့ သူငယ်ချင်းတွေ ကြုံခဲ့ရတဲ့ စိတ်တုန်လှုပ်စရာ အဖြစ်အပျက်တွေကို ပြန်ပြင်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် ပြင်လိုက်တိုင်း မလိုချင်တဲ့ အကျိုးဆက်တွေ ပေါ်လာပါတယ်။ အသေးအမွှားပြောင်းလဲမှုတစ်ခုကနေ ထင်မထားတဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေ ဆက်ဖြစ်သွားတဲ့ Butterfly Effect သဘောမျိုးပါ။ သူနဲ့ သူချစ်ရသူတွေကို ကယ်တင်ဖို့ Evan ဘယ်လောက်အထိ စွန့်စားသွားမလဲဆိုတာကို အချိန်ခရီးသွားဇာတ်လမ်းအဖြစ် ပြထားပါတယ်။ Eric Brass နဲ့ J Mackye Gruber တို့ ရိုက်ကူးထားပြီး Ashton Kutcher၊ Amy Smart နဲ့ William Lee Scot တို့ ပါဝင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်