King & Conqueror (2025) Season 01 (စ/ဆုံး) Viking , Game of Throne , The Last kingdom တို့ကို ကြိုက်တဲ့ ဖန်တွေအတွက် BBC ထုတ် ဗိုက်ကင်းဇာတ်လမ်းတွဲတစ်ခုထွက်လာပါပြီ။ အင်္ဂလန်သမိုင်းက ဘုရင် အက်ဝက်၊ ကျူးကျော်သူ နော်မန်ဒီမြို့စား ဝီလီယံ စတဲ့ တကယ်ရှိခဲ့တဲ့ဇာတ်ကောင်တွေကို အခြေခံပြီး ရိုက်ထားပါတယ်။ ဇာတ်လိုက်ကျော်ကြီးအဖြစ် GOT ထဲက Kingslayer ဂျေမီလန်နစ်စတာဇာတ်ကောင်နဲ့နာမည်ကြီးခဲ့တဲ့ မင်းသား Nikolaj Coster-Waldauက အင်္ဂလန်ပြည်ကို ကျူးကျော်မယ့် ပြင်သစ်နော်မန်ဒီမြို့စားအဖြစ် ဦးဆောင်ပါဝင်ထားပါတယ်။ ဆက်ခံမယ့် အေသည်စတန်ဘုရင်လောင်းသေဆုံးအပြီးမှာ အက်ဝက်ဘုရင်နန်းတက်လာပါတယ်။ ဒီအတောတွင်းမှာ ဝက်ဆက် မာစီယာ နော်သမ်ဘီးယား စတဲ့ အင်္ဂလန်ပြည်ကြီးတည်ခါစက ပြည်နယ်ကြီးတွေမှာ အုပ်ချုပ်သူဘုရင်ခံလောင်းတွေနဲ့ ငြိမ်းချမ်းခဲ့တဲ့ ကာလာပေါ့။ ဒါပေမဲ့ ဘုရင်အက်ဝက်နန်းတက်အပြီး ဘုရင့်မယ်တော် အမ်မာရဲ့ စနက်ကနေ ပြည်တွင်းစစ်ကြီးဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ပြည်နယ် ၃ ခုက အမတ် ၃ ယောက်ကို ဆင့်ခေါ်လိုက်ပြီး အဓိကမိသားစုဖြစ်တဲ့ ဂေါ့ဝင်းတို့မိသားစုတို့ကို ငြိမ်းချမ်းရေးချိုးဖောက်တယ်ဆိုပြီး ဝက်ဆက်ပြည်ကို ဘုရင်အက်ဝက်က သိမ်းပိုက်ရာကနေ ဇာတ်လမ်းတည်ထားပါတယ်။ ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း အရမ်းကောင်း ဇာတ်လမ်းကလည်း ကြမ်းတဲ့အတွက် သေချာပေါက်ကြည့်သင့်တဲ့ ဇာတ်လမ်တွဲပါပဲ။ File size… (600 MB) / (300 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action & Adventure, Drama Duration…. 45min Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်