ကိုဗစ်ကပ်ဘေးကို ရင်ဆိုင်ခဲ့ရပြီးနောက် ကမ္ဘာတစ်ဝန်းမှာ နောက်ထပ်မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တစ်ခု ပေါ်လာပါတယ်။ လူသန်းနဲ့ချီပြီး တစ်ချိန်တည်း ရုတ်တရက်ပျောက်ကွယ်သွားကြတာပါ။ ကျန်ရစ်သူတွေ ကြောက်လန့်စိုးရိမ်နေကြသလို အကြမ်းဖက်မှုတွေနဲ့ မကောင်းမှုတွေလည်း နေရာအနှံ့မှာ ပိုများလာတယ်။ ဒီအခြေအနေမှာ ကုလသမဂ္ဂခေါင်းဆောင် နစ်ကိုလိုင်း ကာပေသီယန်က ကမ္ဘာ့နိုင်ငံတွေကို တစ်နိုင်ငံတည်းအဖြစ် စုစည်းဖို့ ပြောလာပါတယ်။ ဒီလိုစုစည်းပြီး ကပ်ဘေးနဲ့ ဆင်းရဲမွဲတေမှုတွေကနေ လွတ်မြောက်အောင် ကြိုးစားရမယ်ဆိုတဲ့ သူ့စကားကို လူအများက သဘောကျထောက်ခံကြတယ်။ ဒါပေမဲ့ သူပြောသလို တစ်နိုင်ငံတည်းဖြစ်သွားရင် ကပ်ဘေးကနေ တကယ်လွတ်မြောက်နိုင်မှာလား။ သူ့ရည်ရွယ်ချက်တွေက စစ်မှန်ရဲ့လား၊ ဒါမှမဟုတ် ကမ္ဘာကြီးကို နောက်ဆုံးနေ့ရက်တွေဆီ ဆွဲခေါ်သွားမှာလားဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ၂၀၂၃ ခုနှစ်ထွက် ဒီအက်ရှင်၊ ဒရာမာနဲ့ လျှို့ဝှက်ဆန်းကြယ်ဇာတ်ကားဟာ Tim LaHaye နဲ့ Jerry B. Jenkins တို့ရဲ့ ဝတ္ထုစီးရီးကို အခြေခံထားတဲ့ Left Behind ရုပ်ရှင်စီးရီးထဲက တစ်ကားပါ။
ဇာတ်ကားကြည့်ရန်