ဇာတ်ကား / 2009The Boat That RockedThe Boat That Rocked (2009)
Rock & Roll ဂီတနဲ့ Comedy ကားကောင်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် ဂန္ထဝင်ဇာတ်ကား "The Boat That Rocked" ကို မိတ်ဆက်ပေးချင်ပါတယ်။
၁၉၆၀ ပြည့်လွန်နှစ်တွေက ဗြိတိန်နိုင်ငံမှာ Rock & Roll ဂီတအကြီးအကျယ်ခေတ်စားနေပေမဲ့၊ အစိုးရပိုင် BBC ရေဒီယိုကတော့ တစ်နေ့ကို ၄၅ မိနစ်လောက်ပဲ ပေါ့ပ်သီချင်းတွေကို ထုတ်လွှင့်ခွင့်ပေးထားပါတယ်။
ဒီတော့လူငယ်တွေနားထောင်ချင်တဲ့သီချင်းတွေကို ၂၄ နာရီလုံးဖွင့်ပေးနေတာကတော့ ပင်လယ်ပြင်အလယ်က သင်္ဘောတစ်စီးပေါ်မှာ အခြေစိုက်ထားတဲ့ "Pirate Radio" လို့ခေါ်တဲ့ တရားမဝင် ရေဒီယိုလိုင်းပါပဲ။
ဇာတ်လမ်းအကျဥ်း
ကျောင်းထုတ်ခံလိုက်ရတဲ့လူငယ်လေးကာလ်တစ်ယောက်၊ သူ့အမေက သူရဲ့အချိုးတွေကို ပြင်ဖို့ဆိုပြီး ဒီသင်္ဘောပေါ်မှာရှိတဲ့ သူ့ရဲ့ခေါင်းကိုင်ဖခင်ကွမ်တင်ဆီကို ပို့လိုက်ရာကနေ စတင်ပါတယ်။
တကယ်တမ်းသင်္ဘောပေါ်ရောက်သွားတဲ့အခါမှာတော့ သူ့အမေထင်သလို စည်းကမ်းကြီးတဲ့နေရာမဟုတ်ဘဲ၊ ဂီတရူးသွပ်သူတွေ၊ ထူးဆန်းတဲ့ဒီဂျေတွေနဲ့ ပြည့်နှက်နေတဲ့လွတ်လပ်မှုနယ်မြေဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
တစ်ဖက်မှာလည်း သဘောထားတင်းမာတဲ့ အစိုးရဝန်ကြီးတစ်ယောက်က ဒီရေဒီယိုလိုင်းကို အကျင့်ပျက်ခြစားမှုရဲ့အရင်းအမြစ်လို့သတ်မှတ်ပြီး အပြုတ်ဖြုတ်ဖို့နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းလာပါတော့တယ်။
ပင်လယ်ပြင်က ဂီတသမားတွေနဲ့ ကုန်းမြေပေါ်က အာဏာပိုင်တွေရဲ့အားပြိုင်ပွဲမှာ ဘယ်သူအနိုင်ရမလဲ...
လူငယ်သန်းပေါင်းများစွာရဲ့နှလုံးသားကို ဖမ်းစားထားတဲ့ Rock & Roll သီချင်းသံတွေ ပင်လယ်ပြင်ကနေဆက်လက်ပျံ့လွင့်နိုင်ပါ့မလားဆိုတာကိုတော့ ဂီတ Vibe အပြည့်နဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
File size…2.37GB / 853MB
Quality… BluRay 1080p/ 720p
Format…mp4
Duration….1h 57m
Genre ….. Period drama, Comedy, Music, Drama
Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်