Hannah Montana 20th Anniversary Special (2026) ၂၀၀၆ ခုနှစ်တုန်းက Disney Channel ကနေ ကမ္ဘာတစ်ဝှမ်းလူကြိုက်များခဲ့တဲ့း Hannah Montana ထွက်ရှိခဲ့ခြင်း အနှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ်... Grammy ဆုရှင် မိုင်လေဆိုင်းရပ်စ် ကိုယ်တိုင်ပြန်ပါဝင်ထားပြီး Taylor Swift ရဲ့ The Eras Tour ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဖျော်ဖြေပွဲဒါရိုက်တာ Sam Wrench က ရိုက်ကူးပုံဖော်ထားတဲ့အထူးအစီအစဉ်တစ်ခု ဖြစ်ပါတယ်။ Call Her Daddy Podcast ရဲ့ အစီအစဉ်တင်ဆက်သူ Alex Cooper က မိုင်လေ ဆိုင်းရပ်စ် (Miley Cyrus) ကို အင်တာဗျူးလုပ်ထားတဲ့ ပုံစံနဲ့ စတင်တင်ဆက်ထားပါတယ်။ ဆယ်ကျော်သက်ဘဝမှာ Hannah Montana ဇာတ်ကောင်ကြောင့် ကြုံတွေ့ခဲ့ရတဲ့ စိတ်ဖိစီးမှုတွေ၊ အောင်မြင်မှုတွေနဲ့ ဘဝအလှည့်အပြောင်းတွေကို မိုင်လေကပြောသွားပြီး အထူးခြားဆုံး အချက်ကတော့... လွန်ခဲ့တဲ့ အနှစ် ၂၀ က ရိုက်ကူးရေးစတူဒီယို အပြင်အဆင်တွေဖြစ်တဲ့ မိုင်လေတို့ရဲ့ တီဗီထဲက မာလီဘူ (Malibu) ကမ်းခြေအိမ်ကြီး၊ ဟန်နာမွန်တားနားရဲ့ လျှို့ဝှက်အဝတ်လဲခန်းကြီးတွေကို ပြန်ဆောက်ပြီး ... မိုင်လေက အဲ့ဒီအခန်းတွေထဲကို ဆယ်စုနှစ်များစွာကြာမှ ပထမဆုံးအကြိမ် ပြန်လည်ခြေချကာ သူမရဲ့ အတိတ်ကို ပြန်လည်အမှတ်ရပုံ ဖြစ်ပါတယ်။ ဟန်နာမွန်တားနားထဲမှာ ဧည့်သည်အဖြစ်ပါဝင်ခဲ့တဲ့ တေလာဆွစ် , ဆယ်လီနာဂိုးမက်ဇ်တို့ကိုပါ guest အဖြစ်ခေါ်ထာားပြီး အမှတ်တရတွေကို ပြန်လည်တင်ဆက်ထားတာ ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်