Aadu 3: One Last Ride – Part 1 (2026) ဂန္ထဝင်ငတုံးများ မာလျာလမ်ရုပ်ရှင်လောကရဲ့ နာမည်ကြီးဟာသဇာတ်လမ်းတွဲ Aadu ရဲ့ တတိယမြောက်ကားထွက်ရှိလို့လာပါပြီ။ ဒီတစ်ခေါက်မှာတော့ အရင်ကားတွေနဲ့မတူဘဲ သိပ္ပံစိတ်ကူးယဉ်ပုံစံဇာတ်လမ်းသွားကို ဆက်တင်ကောင်းကောင်းနဲ့ ကြီးကြီးကျယ်ကျယ်ဖန်တီးထားတာကို တွေ့ရမှာပါ။ ဒီတစ်ခေါက်မှာတော့ ရှာဂျီပါပန်နဲ့ သူ၏အဖွဲ့ဟာ သာမန်ဟာသအရှုပ်အထွေးတွေထဲတင် မဟုတ်ဘဲ အချိန်ကာလ သုံးခုကို ဖြတ်ကျော်ပြီး စွန့်စားခန်းဖွင့်ရမှာပါ။ ဇာတ်လမ်းက ၁၇၉၀ ခုနှစ်၊ ၂၀၂၅ ခုနှစ်နဲ့ ၂၃၇၀ ခုနှစ်ဆိုပြီး အပိုင်းသုံးပိုင်းကို ချိတ်ဆက်ထားပါတယ်။ အနာဂတ်ကာလမှာ ကမ္ဘာကြီးကို ချုပ်ကိုင်ထားတဲ့အဖွဲ့အစည်းက အချိန်ကာလတွေကို ပြောင်းလဲနိုင်တဲ့ ကြယ်မှုန်ဆိုတဲ့ ရှားပါးဒြပ်စင်ကို လိုက်ရှာနေပါတယ်။ ပါပန်တို့အဖွဲ့ဟာ ဒီအရှုပ်အထွေးတွေထဲကို မတော်တဆရောက်ရှိသွားပြီး အချိန်ကာလတွေကို ပြန်လည်ထိန်းညှိဖို့နဲ့ သူတို့ရဲ့ ရိုးရှင်းတဲ့ဘဝကို ပြန်လည်ရရှိဖို့ ကြိုးစားရပုံကို ရယ်စရာဟာသတွေ၊ အက်ရှင်ခန်းတွေနဲ့ မပျင်းရအောင်တင်ဆက်ပြထားတဲ့ ဟာသရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်...။ File size… 6.79 GB / 2.25 GB / 1.25 GB Quality…WEB DL 4k HEVC 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 42m Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်