Enthada Saji
ဆာဂျီမိုဟာ ရည်မှန်းချက်မရှိဘဲ ပျင်းပျင်းရိရိ နေထိုင်နေတဲ့ အမျိုးသမီးငယ်တစ်ယောက်ပါ။ သူငယ်ချင်းတွေက အိမ်ထောင်ကျကုန်ပြီဖြစ်ပေမယ့် သူကတော့ စေ့စပ်ထားတာ တစ်ခါပျက်ခဲ့ဖူးပြီး အခုထိ တစ်ယောက်တည်း ဖြစ်နေတုန်းပါ။ ဒါကြောင့် ရပ်ထဲရွာထဲမှာ အပျိုဟိုင်းကြီးဆိုပြီး စနောက်လှောင်ပြောင်ခံနေရပါတယ်။ အဲဒီစကားတွေကို မခံနိုင်တော့တဲ့ ဆာဂျီမိုက ဘုရားကျောင်းကို မကြာခဏသွားပြီး ညည်းညူလေ့ရှိတယ်။ တစ်နေ့တော့ သူ့ညည်းညူသံတွေကို အကြိမ်ကြိမ်ကြားနေရတဲ့ အရှင်က ရုပ်တုထဲကနေ အပြင်ထွက်လာပါတယ်။ အဲဒီတွေ့ဆုံမှုကစပြီး ဆာဂျီမိုရဲ့ဘဝလည်း ပြောင်းလဲလာတယ်။ ဒါပေမယ့် သူပျော်ရွှင်နေရတဲ့အချိန်မှာပဲ ဘုရားကျောင်းက ရုပ်တုဟာ ထူးထူးဆန်းဆန်း ပျောက်သွားပါတယ်။ အရှင်နဲ့ သူ ထပ်တွေ့နိုင်ပါဦးမလား၊ ရုပ်တုထဲက ထွက်လာတဲ့ အရှင့်နောက်ကွယ်မှာ ဘယ်လိုပဟေဠိတွေ ရှိနေလဲဆိုတာကို ဆက်ပြထားပါတယ်။ Kunchacko Boban နဲ့ Nivetha Thomas တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်ကူးယဉ်ဟာသဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း