ကူမုရွာမှာ ရေကြီးနေတဲ့အတွက် ဆည်မြောင်းရေသိုလှောင်ရေးဌာနက ထျန်ယိနဲ့ သူ့အဖော် ရှန့်ယွမ်ဟန်တို့ကို ပြဿနာဖြေရှင်းဖို့ စေလွှတ်လိုက်ပါတယ်။ ရွာနဲ့ ဆက်စပ်စီးဆင်းနေတဲ့ မြစ်ဝါမြစ်ထဲမှာ သတို့သမီးရုပ်အလောင်းတွေ မျောပါလာတာကို ဒေသခံတွေက မြစ်စောင့်နတ် အလိုမကျလို့ ကပ်ဆိုးကျရောက်တာလို့ ယုံကြည်နေကြတယ်။ ဒါကြောင့် မာစန်းလီရဲ့ ဦးဆောင်မှုနဲ့ ယဇ်ပူဇော်ပသလေ့ရှိကြပါတယ်။ ဒီတစ်ကြိမ် ယဇ်ပူဇော်ခံရမယ့်သူကတော့ ထျန်ယိတို့ရဲ့ မိတ်ဆွေဟောင်း ယွမ်ယင်း ဖြစ်နေတယ်။ တစ်ဖက်မှာလည်း ချယ်ရုံနိုင်ငံရဲ့ ဘုရင်မနဲ့ ပတ်သက်တဲ့ နောက်ခံအကြောင်းတစ်ခု ရှိနေပါတယ်။ ဘုရင်မဟာ တိုင်းပြည်ကို စစ်ဘေးကျရောက်တော့မယ်ဆိုတာ ကြိုမြင်ခဲ့လို့ စစ်သည်တွေနဲ့ ရတနာအားလုံးကို မြေအောက်မှာ မြှုပ်နှံခဲ့တယ်။ သူကိုယ်တိုင်လည်း တိုင်းပြည်အတွက် စတေးခံပြီး ရန်သူတွေကို ကျိန်စာတိုက်ကာ သေဆုံးသွားခဲ့ပါတယ်။ သူ့ဂူသင်္ချိုင်းနဲ့ မြစ်ဝါမြစ်က လူစားတယ်ဆိုတဲ့ ယုံတမ်းစကားတွေ တကယ်ပဲ ဆက်နွှယ်နေသလားဆိုတာတော့ မသိရသေးဘူး။ အဖြစ်မှန်ကို ဖော်ထုတ်ဖို့ မာစန်းလီ၊ ထျန်ယိနဲ့ အဖော်တွေဟာ ရေအောက်က ဂူသင်္ချိုင်းထဲ ဆင်းသွားကြပါတယ်။ ဒဏ္ဍာရီနောက်ကွယ်မှာ ဖုံးကွယ်နေတဲ့ အကြောင်းတွေကို သူတို့ ဖော်ထုတ်နိုင်မလား၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင်ပါ ပျောက်ကွယ်သွားပြီး ဒဏ္ဍာရီရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားကြမလား။
ဇာတ်ကားကြည့်ရန်