ဇာတ်ကားများ ရွေးရန်

Catch The Dragon

2022ဇာတ်ကား73 မိနစ်

ထက်မြက်တဲ့လူငယ် Qin Xiaofeng ရဲ့အဖေဟာ ခွန်မိုက်တောင်မှာ နဂါးရှာရင်း ပျောက်ဆုံးသွားခဲ့ပါတယ်။ အဖေပျောက်ဆုံးရတဲ့ အကြောင်းရင်းကို သိချင်သလို လက်စားချေဖို့လည်း ရည်ရွယ်ထားတဲ့ Qin Xiaofeng က နဂါးရှာဖွေရေးအဖွဲ့နဲ့ ပူးပေါင်းလိုက်တယ်။ အဖေပျောက်ဆုံးမှုရဲ့ လျှို့ဝှက်ချက်ကို သိရတော့မယ်လို့ ထင်နေချိန်မှာပဲ အရင်က သေဆုံးခဲ့သူတွေရဲ့ အရိုးတွေကို ရုတ်တရက် တွေ့သွားပါတယ်။ အဲဒီနောက်မှာတော့ နားမလည်နိုင်တဲ့ အဖြစ်အပျက်တွေကို တဖြည်းဖြည်း ရင်ဆိုင်လာရတယ်။ ခွန်မိုက်တောင်ကို သွားသူတွေ နဂါးဖမ်းစားခံရတယ်ဆိုတဲ့ သတင်းတွေက တကယ်မှန်သလား၊ သူ့အဖေ ဘာကြောင့်ပျောက်ဆုံးသွားတာလဲ၊ ဒီလျှို့ဝှက်ချက်တွေကို သူဖော်ထုတ်နိုင်မလားဆိုတာနဲ့ ဆက်ထားတဲ့ အက်ရှင်၊ စိတ်ကူးယဉ်ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း