ဒီနေ့ဟာ ကောင်းထင်ရှန်းဘဝရဲ့အရေးကြီးဆုံး မင်္ဂလာလက်ထပ်ပွဲနေ့လေးပါ။ ဘဝရဲ့အရေးကြီးဆုံးနေ့လေးမှာ အရေးကြီးဆုံးက မိသားစုစုံစုံလင်လင်နဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရဖို့ပါပဲ။ သူများတွေအတွက် ဒါဟာသိပ်မခက်လှဘူးဆိုပေမယ့် ကောင်းထင်ရှန်းအတွက်ကတော့ တော်တော်ခက်ခဲနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကောင်းထင်ရှန်းရဲ့မိဘတွေဟာ သူငယ်ငယ်လေးကတည်းက တရားဝင်ကွာရှင်းလိုက်ကြပြီး အိမ်ထောင်အသီးသီးနဲ့နေထိုင်ကြတာမလို့ ကောင်းထင်ရှန်းက ငယ်ကတည်းက မိသားစု(၂)စုကြားကူးလူးနေခဲ့ရတာပါ။ အဖေနဲ့အမေကလဲ သူ့ရဲ့နာကျည်းချက်နဲ့သူမလို့ မင်္ဂလာပွဲကိုအတူတက်ဖို့ဘယ်လိုမှမဖြစ်နိုင်တာကြောင့် ဟိုတယ်တစ်ခုထဲ တစ်ချိန်ထဲမှာ မင်္ဂလာပွဲ(၂)ခုကို သိုက်လင်ရဲ့အဖေရဲ့အကူအညီနဲ့ ပြိုင်တူကျင်းပဖို့ သတို့သားဖြစ်တဲ့ကောင်းထင်ရှန်းနဲ့ သတို့သမီးလေးသိုက်လင်တို့က ဆုံးဖြတ်လိုက်ကြပါတယ်။ ဒီလိုနဲ့ သူတို့တွေဟာ မင်္ဂလာပွဲ(၂)ခုကြား ဟိုဘက်ကူးလိုက်ဒီဘက်ကူးလိုက်နဲ့ ဗျာများရတာကို ဟာသနှောပြီး ပုံဖော်ထားပါတယ်။ ဒီကားလေးဟာ တစ်ခါတစ်လေမှာ မိဘတွေရဲ့ခံစားချက်ကိုဦးစားပေးရတဲ့ ကလေးတွေဟာ ကြားညပ်ပြီး ကိုယ့်ကိုယ်ကိုပျောက်ဆုံးပြီး မပျော်ရွှင်ရတာတွေကိုလှစ်လှပ်ပြထားတဲ့ မိသားစုဒရာမာကောင်းလေးပဲဖြစ်ပါတယ်။ Filesize : 1.24 GB / 718 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama Runtime : 2h 10 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်