Table for Six
မအေတူ ဖအေကွဲ ညီအစ်ကိုသုံးယောက်ထဲမှာ အစ်ကိုကြီးက အစွဲအလန်းကြီးပြီး ရည်းစားဟောင်း မိုနီကာကို မမေ့နိုင်သေးသူပါ။ ဒါပေမဲ့ မိုနီကာဟာ သူ့အောက်က ညီရဲ့ လက်ရှိချစ်သူ ဖြစ်နေပါတယ်။ ဒီအခြေအနေမှာ အစ်ကိုကြီးက သူ့မာနကြောင့် မိတ်ဆွေဖြစ်သူ မြောင်မြောင်ကို ပိုးပန်းဖို့ ဆုံးဖြတ်လိုက်တယ်။ ညီအငယ်ဆုံးမှာလည်း အချစ်ရေးက အဆင်မပြေပါဘူး။ ချစ်သူနဲ့ နှစ်ပေါင်းများစွာ တွဲလာခဲ့ပေမယ့် နေ့တိုင်း ပြဿနာတက်နေရပြီး ပြတ်စဲလုနီးပါး ဖြစ်နေကြတယ်။ ဒီလိုနဲ့ တစ်မိုးအောက်မှာ စုံတွဲသုံးတွဲ၊ ဆက်ဆံရေးလေးခု ရောထွေးနေတဲ့အခါ အစ်ကိုကြီးဖြစ်သူ ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားပါတယ်။ အချစ်ဟောင်းနဲ့ အချစ်စစ် ထိပ်တိုက်တွေ့လာရင် ဘယ်လိုဖြေရှင်းကြမလဲ၊ အိမ်တွင်းပြဿနာတွေကိုရော ဘယ်လိုကိုင်တွယ်ကြမလဲ။ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေမှုတွေကြားကနေ ပျော်ရွှင်စရာ မိသားစုအသိုက်အမြုံတစ်ခု ဖြစ်လာနိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း