The Road Within (2014) အခုတစ်ခါတင်ဆက်ပေးမယ့် "The Road Within" ဆိုတဲ့ ဇာတ်ကားလေးကတော့ ရိုးရိုးရှင်းရှင်း ခရီးသွားကားတစ်ကားမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကို ဟာသနှောပြီးတင်ဆက်ထားတဲ့ ရသစုံ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Tourette Syndrome (ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ မထိန်းချုပ်နိုင်ဘဲ လှုပ်ရှားခြင်းနှင့် ဆဲဆိုမိခြင်း)ဝေဒနာခံစားနေရတဲ့ ဗင်ဆင့်ရယ်၊ အစာမစားချင်တဲ့ရောဂါရှိတဲ့ မာရီနဲ့ အရာရာကို သန့်ရှင်းစင်ကြယ်နေမှ စိတ်တိုင်းကျတဲ့ အဲလက်စ်.. ဒီလို ထူးခြားဆန်းပြားတဲ့ လူငယ်သုံးယောက်ဟာ ကုသရေးစင်တာကနေ ဆရာဝန်မကြီးရဲ့ကားကိုခိုးပြီး ထွက်ပြေးခဲ့ကြပါတယ်။ သူတို့ရဲ့ ဦးတည်ချက်ကတော့ ဗင်ဆင့်ရဲ့ မိခင်နောက်ဆုံးဆန္ဒဖြစ်တဲ့ ပင်လယ်ပြင်ဆီကိုသွားပြီးတော့ အရိုးပြာသွားကြဲဖို့ပါ.... ပင်လယ်ပြင်ဘက်ကိုသွားတဲ့လမ်းတစ်လျှောက် သူတို့ ၃ ယောက်သား ဘာတွေကြုံတွေ့ရမလဲ ဘာတွေလွဲကြမလဲဆိုတာကို ဟာသလေးနှောပြီးရိုက်ကူးထားပါတယ်.... . The Road Within" ဟာ ကြည့်ပြီးသွားတဲ့အခါ သင့်ရင်ထဲမှာ တစ်ခုခု ကျန်ရစ်ခဲ့မယ့် ကားမျိုးပါ။ ကိုယ့်ကိုယ်ကိုယ် လက်မခံနိုင်ဖြစ်နေတဲ့ အချိန်မျိုး၊ လောကကြီးက ကိုယ့်အပေါ် ရက်စက်တယ်လို့ ထင်နေတဲ့အချိန်မျိုးမှာ ဒီဇာတ်ကားကို ကြည့်လိုက်ပါ .. ရင်ထဲမှာတစ်ခုခုကျန်နေခဲ့မှာတော့ သေချာပါတယ်..... File size…1.95GB / 910MB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Adventure, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်