House
House (1985) IMDb Rating (6.1) / Rotten Tomatoes (49%) ရော်ဂျာကော့ဘ်ဟာ ဗီယက်နမ်စစ်ပြန်စာရေးဆရာတစ်ယောက်ဖြစ်ပြီး သားဖြစ်သူ ပဟေဠိဆန်ဆန်ပျောက်ဆုံးသွားပြီးတဲ့နောက် ဇနီးသည်ဖြစ်သူနဲ့ပါလမ်းခွဲခဲ့ရလို့အကြီးအကျယ်စိတ်ဒဏ်ရာရနေသူပါ။ သူ့ရဲ့ ဗီယက်နမ်စစ်ပွဲအတွေ့အကြုံတွေအကြောင်း စာအုပ်အသစ်တစ်အုပ်ရေးဖို့ကြိုးစားရင်း၊ မကြာသေးခင်ကမှ ဆွဲကြိုးချသေဆုံးသွားခဲ့တဲ့ သူ့အဒေါ်ရဲ့အိမ်ကြီးကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ဒါပေမယ့်အဲ့ဒီအိမ်ကြီးဟာ သာမန်အိမ်တစ်လုံးမဟုတ်ပဲ အိမ်ထဲမှာ ထူးဆန်းတဲ့ တစ္ဆေသရဲတွေ မိစ္ဆာကောင်တွေရှိနေပြီး ရော်ဂျာရဲ့အတိတ်ကဒဏ်ရာတွေကိုအသုံးချပြီး သူ့ကိုရူးသွားအောင်ခြောက်လှန့်ပါတော့တယ်။ House ဟာ အကုန်အကျသိပ်မများလှတဲ့ဘတ်ဂျက် ဒေါ်လာ ၃ သန်းလောက်နဲ့ပဲရိုက်ခဲ့ပြီးရုံတင်ပြသချိန်မှာတော့ ပြည်တွင်းဝင်ငွေတစ်မျိုးတည်းကတင် ၁၉ သန်းကျော်ပြန်လည်ရရှိခဲ့ပါတယ်။နိုင်ငံတကာဝင်ငွေတွေနဲ့ VHS ကရတဲ့ငွေတွေကိုပါထည့်တွက်ရင်ထုတ်လုပ်သူတွေအကြီးအကျယ်အမြတ်ကြမ်းခဲ့တဲ့ကားပါ။ ဝေဖန်ရေးဆရာတွေက သရဲကားကို ဟာသစွက်ထားလို့သိပ်မကြိုက်ကြပေမယ့် ပရိသတ်အတွက်တော့ အင်မတန်သဘောကျစရာကောင်းခဲ့ပြီး သရဲကားကိုသွေးပျက်အောင်ခြောက်လှန့်နေတာမဟုတ်ပဲ၊ ထူးခြားဆန်းပြားတဲ့ မွန်းစတားဒီဇိုင်းတွေ၊ ဟာသကွက်တွေကြောင့် ဟော်ရာပရိသတ်ထဲမှာရေပန်းစားခဲ့ပါတယ်။ အထူးသဖြင့်သူ့ခေတ်သူ့အခါက ပြောင်မြောက်လှတဲ့ Practical Effects တွေ၊ စစ်ပြန်တွေရဲ့စိတ်ဒဏ်ရာကိုသရဲတစ္ဆေတွေနဲ့ပုံဖော်ချဉ်းကပ်ပြခဲ့တာတွေဟာထူးခြားမှုအဖြစ်မှတ်တမ်းဝင်နေဆဲပါပဲ။ File size… (3.2 GB) / (1.4 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Fantasy,Horror Duration…. 01:32:03 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း