ပေါလ် ဘီဂလာဟာ အစိုးရရှေ့နေ အဖြစ်ကနေ ရာထူးကျလာတဲ့ ရှေ့နေတစ်ယောက်ပါ။ ရာထူးကျလာတာကနေ စိတ်ဓာတ်ကျပြီး ရတဲ့ အမှုသေးသေးလေးတွေကို လိုက်လိုက် ငါးမျှားလိုက် ရှေ့နေဟောင်း ပါနဲလ်နဲ့ အရက်သောက်လိုက်နဲ့ ဘဝကို ကုန်ဆုံးနေပြီး တစ်ရက်မှာတော့ လော်ရာမန်နီယန်ဆိုတဲ့ ချောမောလှတဲ့ အမျိုးသမီးက အမှုလိုက်ပေးဖို့ သူ့ကို ငှားလာခဲ့ပါတယ် ဒီအမှုကတော့ လော်ရာမန်နီယန်ကို ဘာနီကွေးဆိုတဲ့ သူက အဓမ္မပြုကျင့်ခဲ့လို့ စစ်တပ်ဒုဗိုလ် ဖရက်ဒရင် မန်နီယန်က ဘာနီကွေးကို သေနတ်နဲ့ ပစ်သတ်လိုက်တဲ့ အတွက် ဖရက်ဒရင်ဘက်ကနေ တရားခံရှေ့နေအဖြစ်နဲ့ လိုက်ပေးရမှာပါ ဒီလိုမျိုး အမှုကြီး မလိုက်တာကြာနေပြီဖြစ်တဲ့ ပေါလ်တစ်ယောက် ဒီလူသတ်မှုကို ကွင်းလုံးကျွတ်လွတ်နိုင်မယ့် တစ်ခုတည်းသောနည်းဖြစ်တဲ့ စိတ်ရောဂါကြောင့် လူသတ်မိမှုအဖြစ် ပြောင်းလဲလိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့ အခါမှာတော့ ပေါလ်တစ်ယောက် ဘယ်လိုတွေ ကြိုးစားပြီးတော့ အမှုကိုလိုက်ရမလဲ ဒီအမှုက သူထင်ထားသလို ရိုးသားရဲ့လားဆိုတာကို ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်
ဇာတ်ကားကြည့်ရန်