ဇာတ်ကားများ ရွေးရန်

The Miracle of Morgan's Creek

1944ဇာတ်ကားအမှတ် 7.5/1098 မိနစ်

The Miracle of Morgan's Creek (1943) IMDB : 7.5 Rotten Tomatoes : 87% Genre : Romance / Comedy ဒီရုပ်ရှင်လေးက တော်တော်လေးကိုသဘောကျဖို့ကောင်းပါတယ်။ တကယ်လည်းရယ်ရပြီး တကယ်တမ်းပြန်တွေးရင် အချစ်ဆိုတာ တကယ်ရှိတယ်ဆိုပြီးပြသွားပါတယ်။ တဖန်ပြန်တွေးရင်လည်း ဝမ်းနည်းစရာကောင်းနေပြန်ရော။ ဇာတ်ညွှန်း ထရူဒီဆိုတာ ခေတ်လူငယ်တစ်ယောက်။ မြို့မှာ အလှဆုံးစာရင်းဝင်လေး။ ရှေ့တန်းသွားမယ့် စစ်သားတွေနှုတ်ဆက်ပွဲ မြို့မှာ ပါတီပေးမယ်ဆိုတော့ မြို့ကအလှလေး ထရူဒီကသွားချင်တယ်။ ဒါပေမဲ့ ဖခင်ဖြစ်သူက ငယ်ရာက ကြီးလာတဲ့လူဆိုတော့ အဲလိုမျိုးသွားဖို့ခွင့်မပြုဘူး။ ဘာပြီးရင်ဘာလာမယ်ဆိုတာသိနေတာကိုး… အဲဒီနေ့မနက်ခင်းမှာ တိုက်တိုက်ဆိုင်ဆိုင် ထရူဒီကို ကြိုက်နေတဲ့ နော်ဗယ်လ်က ညရုပ်ရှင်သွားကြည့်ရအောင်ဆိုပြီး ချိန်းလာခဲ့ပါတယ်။ ဆိုတော့ ထရူဒီကအကြံကောင်းတချက်ဆိုပြီး နော်ဗယ်လ်ကို အကြောင်းပြုပြီး ပါတီကိုခိုးသွားပါတော့တယ်။ သမီးလေးများ ဗိုင်းကောင်းကျောက်ပိနိုင်ပုံက ပါတီတစ်ခါသွားတာ တရားရုံးမှာ လက်မှတ်ထိုးပြီး လင်ပါရလာခဲ့ပါတယ်။ ဒါတောင် ၁၉၄၀ ခုနှစ်မလို့။ ဆိုတော့ အချစ်ကြီးသူ နော်ဗယ်လ်ခင်ဗျာ ဒါတွေကိုဖြေရှင်းရပါတော့တယ်။ ဟာသနှောထားတဲ့ အချစ်ဇာတ်လမ်းလေးမလို့ ခံစားကြည့်လိုက်ကြပါခင်ဗျာ။ File size…    1.8 GB / 670 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 39m Genre ..... Romance / Comedy Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း